[4]

638 96 3
                                    

[Unicode]

TMAWNB [ABO] 4 - ခေါင်းမာလွန်းတယ်


သူတို့နှစ်ဦးသားကြား စကားပြောဆိုပြီးနောက် တ​နေ့တာလည်ပတ်မှုကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။

ဟန်ကုက စောစောထွက်ပြီး နောက်ကျမှပြန်လာတတ်တဲ့ စက်ဝန်းမျိုးမှာရှိနေဆဲဖြစ်ပြီး တစ်ပတ်မှာ အကြိမ်အနည်းငယ်ပင် မတွေ့ဖြစ်ကြ​ချေ။ ချူလင်းသည်လည်း ဟန်ကု၏စကားများကို သေသေချာချာ စဉ်းစားပြီးနောက် သူ လုံးဝ ငြိမ်သက်သွားသည်။

ထိုအချိန်တွင် သူ့ကိုယ်သူ စိတ်လိုက်မာန်ပါလုပ်မိသွားမှန်းလည်း သူသိသည်။မျှော်လင့်ချက်​တွေနဲ့ လင်ရွှမ်ထံ သွားခဲ့၏။အစကတည်းက သူ ဘာမျှမမျှော်လင့်ထားသင့်ပေ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲလွမ်းဆွတ်နေပါစေ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်နေပါစေ ဒီလို တွယ်တာမှုမျိုးက ရလဒ်ကောင်းတွေ ထွက်မလာနိုင်​ချေ။ဒီကိစ္စကို တည်ငြိမ်စွာ တွေးကြည့်ပြီးသည့်​နောက်မှာ​​တော့ သူ လင်းရွှမ်နှင့် ထပ်မတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့ကိုယ်သူ အ​တွေးမများစေရန်အတွက် ချူလင်းသည် လုပ်စရာများကို စတင်ရှာဖွေခဲ့သည်။ မနေ့က စူပါမားကတ်သို့ ကုန်ခြောက်ဈေးသွားဝယ်ခဲ့​သော်လည်း လင်းရွှမ်နှင့်တွေ့ခဲ့ရသည့်အတွက် မဝယ်ဖြစ်ခဲ့​ချေ။ထို့​ကြောင့် သူ အလုပ်ဆင်းချိန်တွင် ပါဝင်ပစ္စည်းတွေနှင့် နေ့စဥ်သုံးပစ္စည်းတွေကို ဝယ်ယူခဲ့၏။ ဟန်ကုက ချမ်းသာပေမယ့် အိမ်အကူတစ်ယောက်မှ မငှားထား​ပေ။ သန့်ရှင်းရေးနှင့် ဈေးဝယ်ထွက်ပေးရန် တစ်ပတ်လျှင် တစ်ကြိမ်သာ လာလုပ်​ပေးမည့်ပုံမှန်အလုပ်သမားများကိုသာ သူခန့်ထားသည်။ ချူလင်းက​တော့ ဒါ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ဘဝနေထိုင်မှုနှင့် အနားယူဖို့အတွက် သက်ဆိုင်မည်ဟု မှန်းဆခဲ့သည်။ သူ့အကြောင်းတွေးနေပြီး သူမသိခင်မှာပင် ပစ္စည်းတွေအများကြီး ဝယ်ခဲ့မိသည်။ အိမ်ကို သယ်လာတဲ့အခါ အိတ်ကြီးကြီး တစ်လုံးဖြစ်သွားခဲ့ပြီး ပင်ပန်းလွန်းလို့ တံခါးရှေ့မှာ ရပ်ပြီး ခဏလောက် အ​မော​ဖြေ​နေရသည်။

သူဝယ်တဲ့ပစ္စည်းတွေကို အမျိုးအစားခွဲထားချင်ပေမယ့်  တစ်လကြာသွားတဲ့အထိ ဒီနေရာနဲ့ သိပ်မရင်းနှီးသေးကြောင်း သူ သိလိုက်ရသည်။သူ ကူကယ်ရာမဲ့ ပြုံးမိပြီး အခန်းထောင့်တိုင်းကို ရှာ​ဖွေကြည့်ဖို့ အချိန်ယူလိုက်ကာ ပစ္စည်းတွေကို ထားလိုက်သည်။သူ ညစာစားဖို့ လုပ်သည့်အချိန်မှာပင် ကိုးနာရီထိုး​နေပြီ ဖြစ်သည်။

TMAWNB ||မြန်မာဘာသာပြန်||Where stories live. Discover now