*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု

5.5K 1K 27
                                    

ချီလန် ရုန်ယိကိုယ်ကို သတိရသွားကာ ပတ်ပတ်လည်ရှာကြည့်တဲ့အခါ ရုန်ယိကိုယ်ကိုဘယ်နေရာမှာမှ ရှာလို့မတွေ့တော့။

"ရှောင်ရုန်.."

ချီလန်တစ်ယောက် သူ့စိတ်အာရုံခံစွမ်းအားကိုသုံးကာ ရှာကြည့်လိုက်တဲအခါ ကံကောင်းထောက်မစွာဖြင့် အဝေးကြီးမရောက်သေးဘဲ စုလန်အိမ်တော်ကို ဦးတည်သွားနေတဲ့ ရုန်ယိကို ရှာတွေ့သွားသည်။

ချီလန် နှုတ်မှ ထုတ်ကာဆဲရေးလိုက်မိပြီး ဓားပျံနဲ့ ရုန်ယိနောက်အမှီလိုက်ရင်း ရှင်းဟယ်ဆီကိုပါ သတင်းလှမ်းပို့လိုက်သည်။

ချီလန်မှာ ရုန်ယိကိုယ်အကြောင်း ပိုပိုပြီးသိချင်လာရသည်။ မဟာယာနအဆင့်ခေါင်းဆောင်ဖြစ်သူရဲ့ စကားအရဆိုလျှင် ထိုသူတွေရဲ့ တာ့ရှစ်ဖြစ်သူက သူ့အကြောင်းကိုတော့ ပြောကြားနိုင်ပေမဲ့ သူ့ထက်ကျင့်ကြံဆင့်နိမ့်သူတစ်ယောက်ကိုတော့ မဟောနိုင်ဘူးတဲ့.. အတော်လေး ထူးဆန်းလှသည်။

ရှောင်ရုန်ဆိုသူက ဘယ်သူလဲ ဘယ်ကလာသလဲဆိုတာ သူမသိ။ သူ ရှင်းယွဲ့ကို လူလွှတ်စုံစမ်းခိုင်းခဲ့ပေမဲ့ ထိုသူက ဘယ်ကမှမဟုတ်ဘဲ လေထဲကပေါ်လာသလိုပင်။ သူတို့မှာ သဲလွန်စလေးတောင် တစိုးတစိမှမရရှိခဲ့ကြ။

သိပ်မကြာခင်မှာဘဲ ချီလန် ရုန်ယိကိုယ်ကို အမှီလိုက်နိုင်သွားတော့သည်။

ရုန်ယိကိုယ်က ထုံထုံထိုင်းထိုင်းဖြစ်နေဆဲ ဖြစ်ပေမဲ့လည်း သူ့လက်ထဲက ေမှာ်လက်နက်ကို ကြည့်လိုက်တဲ့အခါမှာတော့ ရတနာပစ္စည်းတစ်ခု ရလိုက်သလိုမျိုး ပြုံးနေလေသည်။

ချီလန် လှမ်းမေးလိုက်၏။
"ဒါ မင်း ဟိုကျင့်ကြံသူရဲ့ အိတ်ထဲက ရလာတဲ့ မှော်လက်နက်လား"

ရုန်ယိကိုယ်က သူ့ကိုဘာမှပြန်မပြောဘဲ လက်နက်ကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ကာ တောင်ဘက်တည့်တည့်ကို ဆက်ပျံသန်းသွား၏။

"မင်း ဘယ်ကိုသွားနေတာလဲ"
ချီလန်မှာ သူ့ကို အမြန်လှမ်းဆွဲထားလိုက်ရသည်။

ရုန်ယိကိုယ်က ချက်ချင်း မှော်လက်နက်ဆွဲထုတ်ကာ ပြန်တိုက်ခိုက်ဖို့ ဟန်ပြင်လာသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now