"ကျန့်ကျန့် ငါတို့အခုသွားမယ့်ခရီးက မင်း bodyguard ပါမှာလား"
"အင်းလေ"
"ဟ့ ကျောင်းကခရီးလေးကိုတော့ လွတ်လွတ်လပ်လပ် သွားပါရစေကွ။ အရင်လူတွေတုန်းကလဲလိုက်တာမဟုတ်ပဲ"
"သူက First year ကလေ အဲ့တော့သူပါမှာပေါ့၊ မင်းတို့သူ့ကိုကြိုက်တာခိုင်းလို့ရတယ်။ မင်းတို့မွေးထားတဲ့အိမ်မွေးခွေးတွေထက်တောင်သစ္စာရှိသေးတယ်"
"ငါတို့လဲခိုင်းလို့ရတာလား"
"ဒါပေါ့"
---
ကျောင်းနှစ်ဝက်အထိတော့ သူတို့ရောက်ခဲ့လေသည်။ရှောင်းကျန့်က ဖခင်ကိုကြောက်ရသေးတာကြောင့် ကျောင်းခေါ်ချိန်တော့အပြည့်တတ်သည်မို့ ရိပေါ်လည်း နှစ်ဝက်စာမေးပွဲဖြေခွင့်ရခဲ့သည်။ အတန်းမှန်မှန်မတတ်ရတာမို့ သင်ခန်းစာတွေဆိုတာကလည်း ကပေါက်တိကပေါက်ချာ ။သို့ပေမယ့် လီလီ၏ကျေးဇူးကြောင့် အလုပ်တွေအားလုံးပြီးသွားသည့် (ရှောင်းကျန့်အိပ်ပျော်သည့်အချိန်) ည 11 နာရီနောက်ပိုင်းတွင်တော့ လီလီ၏ မှတ်စုစာအုပ်အကူညီလေးဖြင့် အောင်မှတ်လောက်လေးတော့ရနိုင်ပြီး ကပ်သီးလေးဖြင့် ပထမနှစ်ကိုဖြတ်ကျော်နိုင်လိမ့်မည်ဟုသူ မှန်းထားလေသည်။ ဒီကြားထဲရှောင်းကျန့်၏ အပြုမူတွေကို ပိုပြီးသိလာတာကြောင့် လည်းအအော် အငေါက် ခံရတာကနေ နဲနဲသက်သာခဲ့သည်။ သို့ပေမယ့် အဲ့သည်လိုလိုလေသေးမရှိ အလိုက်တသိလုပ်ပေးတာတောင် ရှောင်းကျန့်ကသူ့ကို ရှာကျန်၊ အနိုင်ကျင့်အရှက်ခွဲနေတုန်းပင်။ ယခုလည်းကျောင်းက trip out ထွက်မည်ဆိုတာကို သူကပြင်ပေးနေရတာဖြစ်ပြီး ရှောင်းကျန့်ကတော့ ဆိုဖာမှာခြေထောက်ချိတ်ကာထိုင်နေသည်။ ရှောင်းသူဌေးကလဲ ခုတစ်လောနိုင်ငံခြားခရီးစဉ်တွေဘဆက်တိုက်မို့ ရှောင်းကျန့်က မီးကုန်ယမ်းကုန်လွတ်ထွက်နေ၏။