Part-14

2.8K 321 12
                                    

'ကို..ဗိုက်ဆာတယ်။ ပင်လယ်စာစားချင်တယ်'

'သွားစားမယ်လေ '

'ဟင့်အင်း ကျောင်းကိုပဲဝယ်လာခဲ့ သွားရမှာပျင်းလို့'

'အင်း ကိုယ်သွားဝယ်ပေးမယ်'

ရိပေါ်ကအတန်းတစ်ခုကိုဖျက်ပြီး သူစားချင်တာကို ချက်ချင်းပင်သွားဝယ်လေ၏။နောက်တစ်ချိန်ဆို ထမင်းစားချိန် လွှတ်တော့မှာ။ ထမင်းစားချိန်အမှီ ရိပေါ်ဟာအထုတ်တွေနှင့်ပြန်လာပြီးဘကျောင်းအနောက်က လူရှင်းသည့်မြတ်ခင်းပေါ်မှာ နေရာခင်းကာထိုင်လိုက်ကြသည်။

'မွှေးနေတာပဲ'

'ကိုယ့် အချစ်လေးပျော်လား'

'အင်း'

'ကိုယ့်ကိုချစ်လား'

'စကားအရမ်းများတယ် ပုဇွန်ခွာပေး'

ချစ်လားလို့မေးလိုက်တိုင်း စကားလမ်းကြောင်းလွှဲသွားတာ တအားသိသာသည်။ ရိပေါ်စိုးရိမ်မိတာက ဒီဖက်ခေတ်က လူတွေက sex ကိုအပေါ်သဘော အပန်းဖြေရာတစ်ခုလို့သတ်မှတ်ကြသည်။ သခင်လေးတို့လို ချမ်းသာတဲ့မိသားစု အသိုင်းဝိုင်းတွေဆိုပိုဆိုးတယ်မဟုတ်လား။သူက ရှောင်းကျန့်ကို နှလုံးသားအနက်နက်ထဲကကို ချစ်မိတွယ်တာမိ နေပြီမို့ သခင်လေးက သူ့ကိုခနတဖြုတ်သာအသုံးချမှာကြောက်မိသည်။ ဒါကြောင့်လဲ သခင်လေးသူ့ကိုရိုးမသွားစေရန် အမျိုးမျိုး အားထုတ်ကြိုးပမ်းနေလေ၏။

သူခွာပေးသည့်ပုဇွန်တွေကိုစားနေသည့်ရှောင်း ကျန့်နှုတ်ခမ်းလေးတွေက ပေနေတာမို့ တစ်ရှူးလေးနှင့်လှမ်းသုတ်ပေးလိုက်ရာ သဘောကျသည့်အရိပ်ယောင်လေး မြင်ရတော့ကျေနပ်သွားမိသည်။ ထို့နောက်ပါးလေးကိုဖျက်ကနဲလှမ်းနမ်းမိရာ ရှောင်းကျန့်ကဟိုဟိုသည်သည်ကြည့်ပြီး မျက်လုံးလေးအဝိုင်းသားဖြင့်..

'ဟိုးဖက်မှာ လူတွေရှိနေတယ်လေ'

လူတွေကို သခင်လေးကဂရုစိုက်နေပုံပေါ်သေးတာက သူနှင့်လူသိမခံချင်သည့် ပုံပင်။ ရိပေါ်စိတ်မကောင်းဖြစ်ပြီး မျက်လွှာလေးချကာ ပုဇွန် အခွံပြန်နွှာနေလိုက်၏။ ဒါကိုရှောင်းကျန့်က ရိပ်မိပြီး အအေးလေးသောက်ကာ သူ့အား မျက်လုံးလေးလှန်လျှက်ခိုးကြည့်နေ၏။

My Pretty Boss (Completed)Where stories live. Discover now