"ဘာ စာမေးပွဲကျတယ်။ မင်းမရှက်ဘူးလား။ မင်းကိုငါ့ဘက်က ဖြည့်ဆည်းပေးဖို့ ဘယ်နေရာလစ်ဟာခဲ့လို့်လဲ"
စာမေးပွဲကျသည့် ရှောင်းကျန့်ကိ သူု့အဖေက ဆူပူနေခြင်းဖြစ်ရာ ရှောင်းကျန့်မျက်နှာကတော့ ခပ်ဂျစ်ဂျစ်တစ်ပြားမှမလျှော့..
"ကျွန်တော်အသုံးမကျတာကျွန်တော်ဝန်ခံတယ်။ ဒါပေမယ့် ဘာလိုအပ်ချက်ရှိလဲလို့လာမမေးနဲ့ ကျွန်တော့်ဘ၀ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းကို ပါပါးဆွဲထုတ်ပစ်ခဲ့တာ"
"ဟာ့ အဲ့တာကိုသာဆွဲမထုတ်ရင် မင်းတို့မောင်နှမ ဒီအခြေနေရောက်ဖို့နေနေသာသာ ထမင်းတောင်နပ်မှန်ရင်ကံကောင်း"
"ဘာဖြစ်ဖြစ် ဒါပါပါးရွေးချယ်ခဲ့တဲ့ မိန်းမလေ။ ကမယူရင်လည်းအစတည်းကမယူနဲ့ပေါ့ ယူပြီးပြီဆိုမှ တော့ဘာမဆို သည်းခံရတော့မှာပေါ့"
"ငါသည်းခံခဲ့တယ်။ အေး...အဲ့ဒီသည်းခံမှုက နို့ဆာလို့အသဲသန်ငိုယိုနေတဲ့ မင်းကိုကြည့်ပြီး ပျောက်ဆုံးခဲ့တယ်။ဗိုက်ဆာနေတဲ့ ငါ့ကလေးနှစ်ယောက်ကြောင့် ငါမတရားခဲ့တယ်ဆိုလည်း အဲ့အပြစ်ကိုသတ္တိရှိရှိငါဆပ်မယ်"
ရှောင်းကျန့်က ဘာမှဆက်မပြောပဲ ငြိမ်ကျသွားသည်။
"ရိပေါ်က မင်းအလုပ်လိုက်လုပ်ပေးနေရတာတောင် စာမေးပွဲအောင် အောင်ဖြေနိုင်တယ်။ ဒီတော့ တစ်နေ့ကိုစာလုပ်
ချိန် ၂ နာရီလောက်ရှိရင်တောင် မင်းတို့ အောင်လိမ့်မယ်""ပါပါးအခု အဲ့ခိုင်းဖက်လိုကောင်နဲ့ စာအတူလုပ်ခိုင်းနေတာလား"
"သင့်တော်မယ်ထင်လို့ ဆုံးဖြတ်တာ။ အထွန့်မတတ်န။ဲ့ ပြီးတော့စာနဲ့ပတ်သက်ပြီး ရိပေါ်က မင်းကိုသင်ပြခွင့်ရှိတယ်"
"ကျစ်...ပါပါး ဆရာတွေခေါ်လို့ရတယ်လေ။ ဒီကောင်ကအဲ့လောက်တတ်တာလဲမဟုတ်ဘူး။စာမေးပွဲအောင်မှတ်က ကောင်းတာလဲမဟုတ်ဘူး"