Part-11

3.3K 314 10
                                    

ရှောင်းကျန့်က သူ့ကိုချစ်တယ်လို့မပြောဘူး။သို့ပေမယ့်နမ်းလို့ရသည်။ရှောင်းကျန့်ကသူ့အနမ်းကိုခွင့်ပြုသည်။ငြိမ်နေတယ်ဆိုတော့ခွင့်ပြုတာပဲ မဟုတ်လား တစ်ခါတစ်လေတုန့်ပြန်လာသည့်အခါတော့ ပြောမပြတတ်အောင်ပင် ရင်ခုန်စိတ်လှုပ်ရှားရသည်။ တစ်ခါတစ်လေမှ တုန့်ပြန်တယ်ဆိုတာကလဲ သူကအခွင့်ရေး ရရင်ရသလို နမ်းပစ်တာကြောင့်ပေ။ ထိုသို့နမ်းပေမယ့် မကျေပ်သည့်အခါမျက်စောင်းလှလှလေးကလွဲပြီး ဘာအပြစ်မဆိုလာတာလေးက ရိပေါ်ရဲ့အသဲယားစရာလေးပေါ့။

"အ့.မင်းကခွေးလား။ ငါ့မျက်နှာတစ်ခုလုံး သွားရေတွေပေကုန်ပြီ"

"ရှူး သူများတွေကြားကုန်မယ်"

ထိုအခါ ရှောင်းကျန့်က ဆက်မပြောပဲ ရပ်သွားတော့ ရိပေါ်က နှုတ်ခမ်းတစ်ခုလုံးကို ဆွဲစုပ်နမ်းရှိုက်ပြန်သည်။

"အွန်း.."

သူတို့နှစ်ယောက်က ကျောင်းအိမ်သာထဲမှာဖြစ်ပြီး ရိပေါ်ကနှုတ်ခမ်းတွေသာမက မျက်နှာတစ်ခုလုံးကိုစုပ်လိုက်ယက်လိုက်လုပ်နေ၏။ ရှောင်းကျန့်က အသက်ရှူတွေပါကျပ်လာပြီး မခံနိုင်သဖြင့် သူ့ဂွကြားအား ဒူးဖြင့်တိုက်ချလိုက်သည်။

"အု"

အသံထွက်မှာစိုးလို့မအော်ရဲပဲ ကြိတ်၍သာ ခုန်ဆွခုန်ဆွ ဖြစ်နေသည့်ရိပေါ်ကို ထားခဲ့ကာ အပြင်သို့ထွက်လာပြီးဟမျက်နှာ သစ်လိုက်သည်။ အိမ်သာထဲလဲ ဘယ်သူမှ မရှိတော့တာကြောင့် ရှောင်းကျန့်က..

"မင်းကို အဖြေပေးဖို့တော်တော်စဉ်းစားရဦးမယ်။အခုကစပြီး နမ်းတာကိုပါမလုပ်နဲ့တော့"

"အဲ့ လိုတော့မလုပ်ပါနဲ့။သခင်လေး."

ရိပေါ်ထွက်လာတော့ ရှောင်းကျန့်ရှိမနေတော့ခြေ။

---
beez .beez.. beez .

အိတ်ကပ်ထဲကဖုန်းမြည်သံကြောင့် ရှောင်းကျန့်ဖုန်းကိုင်လိုက်သည်။

"ဟဲလို ပါပါး"

" အားကျန့်အခုချက်ချင်း အမေရိကားကိုလိုက်လာခဲ့။ ပါး လေယာဉ်စီစဉ်ပေးထားတယ်။ရိပေါ်ကိုလေဆိပ်ပို့ခိုင်းလိုက်။"

My Pretty Boss (Completed)Where stories live. Discover now