*193* ရုန်ယိပျောက်ဆုံးသွားမှု

6.2K 1K 54
                                    

အားကျဲ့ရဲ့ဝိညာဥ်က ရုန်ယိကိုယ်နောက်လိုက်ဖမ်းနေတဲ့အချိန်မှာ အားကျဲ့ရဲ့ အဖော်နှစ်ယောက်က ယင်ကျင်းရဲ့ကို တားဆီးထားကြသည်။

"ငါ့ဟောချက်က မမှားနိုင်ဘူး.. ငါ့ဟောချက်မှာ အမှားရှိနေတာ လုံးဝမဖြစ်နိုင်ဘူး.. ငါသေချာပေါက် ဒီည ရုန်ယိရဲ့ခန္ဓာကိုယ်ကို ရကိုရမှာ"

အားကျဲ့ရဲ့ စိတ်ထဲ မကျေမချမ်းနိုင်မှုတစ်ခု ထွက်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်က ပြောင်းလဲမှု အနည်းငယ်ကို ခံစားမိသွားတာကြောင့် သူ့ဝိညာဥ် ရက်စက်ကြမ်းကြုတ်တဲ့ တစ္ဆေဖြစ်သွားမှာ စိုးရိမ်ပြီး သူ့မှာ ထိုအကြောင်းကို ဆက်မစဥ်းစားရဲတော့။ ထိုကဲ့သို့ဖြစ်လာလျှင် သူ့အနာဂတ် ကျင့်ကြံရေးအတွက် မကောင်းပေ။

သူ ရုန်ယိတို့နောက်ကို မှီလုဆဲဆဲမှာ တစ္ဆေကျင့်ကြံသူတစ်စုက သူ့လမ်းကို ပိတ်ရပ်လာ၏။

အားကျဲ့က ဝိညာဥ်စွမ်းအား အမြန်သုံးပြီး ထိုသူတွေကို တွန်းဖယ်ကာ ရုန်ယိတို့နောက် ဆက်လိုက်ဖမ်းပြန်၏။

ဒါကို မြင်တာနဲ့ ရုန်ယိကိုယ်က အကာအကွယ်မှော်လက်နက်နဲ့ အင်းကွက်ထုတ်ကာ အားကျဲ့ဝိညာဥ်ကို စုပ်ယူဖို့ပြင်လိုက်သည်။

အားကျဲ့မှာ အဖိုးအခအနေနဲ့ သူ့ဝိညာဥ် ထိခိုက်ရမှာ သိပေမဲ့လည်း ရုန်ယိရဲ့ခန္ဓာကိုယ်ထဲကို မရရအောင်ဝင်ပြီး ဖမ်းဆုပ်ထားရုံသာရှိတော့သည်။ သူက ရုန်ယိကိုယ်လက်ထဲမှာ ကိုင်ထားတဲ့ မှော်လက်နက်နဲ့ အင်းကွက်ကို လုံးဝလျစ်လျူရှုထားရင်း ပိုများတဲ့ဝိညာဥ်စွမ်းအားပို အသုံးပြုလျက် ထိုအကာအကွယ်တွေကို ဖောက်ဖျက်ကာ ရုန်ယိရဲ့ ခန္ဓာကိုယ်အထဲကို တိုးဝင်သွားလိုက်သည်။

ရုန်ယိကိုယ်မှာ မျက်နှာအမူအယာပြောင်းသွားကာ အားကျဲ့ဝိညာဥ်ကို ပြန်ဆွဲထုတ်ဖို့ စွမ်းအားအသုံးပြုလိုက်၏။

"အာ့.. နာတယ်... နာတယ်!"
သတိလစ်မေ့မြောနေတဲ့ ရုန်ယိတစ်ယောက် ရုတ်တရက် နာကျင်မှုပြင်းစွာနဲ့ မျက်လုံးဖွင့်လာတော့သည်။

ရုန်ယိရဲ့ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ အားကျဲ့ဝိညာဥ်ကို ဆွဲထုတ်လို့မရတာကြောင့် ရုန်ယိကိုယ်လည်း အမြန်ရပ်ကာ လှမ်းပြောလိုက်သည်။
"ရုန်ယိ မင်းတောင့်ခံထားနော်!.. သူ့ကို မင်းရဲ့ခန္ဓာကိုယ်နဲ့ အသိစိတ်ကို ထိန်းချုပ်ခွင့်မပေးလိုက်နဲ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now