အပိုင်း (၁)

6 1 0
                                    

ပဟေဠိဆန်သော မင်းမျက်ဝန်း

ကျလာတဲ့ မျက်ရည်စက်များသည် နောင်တလို့ခေါ်ရမလား၊ကိုယ့်ကိုယ်ကိုစက်ဆုပ်ရွံရှာခြင်းလို့ခေါ်ရမလား အမည်တပ်ဖို့ခက်လှသည်။ကျွန်တော်သည် ခုချိန်မှာ ကျွန်တော်ကိုယ်ခန္ဓာ၌ ထိုလူယုတ်မာ၏ ရနံ့တို့အထိအတွေ့တို့ဟာ အက်ဆစ်ရေနှင့်ဆေးချရင်တောင် ပြောင်မည်မဟုတ်။ဒီစည်းဘောင်၊ဒီအခန်းရဲ့အပြင်ဘက်မှာ နေ့လားညလားတောင် မသိအောင် ပိတ်နှောင်ခံရတဲ့ ကျွန်တော့်မှာ ဆန္ဒတစ်ခုသာလျှင်ရှိပါသည်။ထိုလူကို အခွင့်အရေးရလျှင်သတ်မည် သို့မှမဟုတ် အခွင့်အရေးရလျှင် ကိုယ့်ကိုယ်ကိုသတ်သေမည်ပင်။

မီးခိုးရောင် မှိန်းမှောင်နေသည့် အခန်းကျယ်တစ်ခု၌ လူတစ်ယောက်သည် ခြေတွေလက်တွေ၌ သံကွင်းကြိုးများဖြင့် ဖမ်းချုပ်ခြင်းခံထားရသည်။ထိုသို့လက်ထိပ်ခတ်ထားသည့်အပြင် သံတိုင်တွေဖြင့် ကာရံထားသည့် လှောင်အိမ်ထဲမှာလည်း သူ့အားထည့်ထားသေးသည်။သူသည် လှဲနေသည်။ထို့နောက် ဤလူငယ်အားလှောင်ပိတ်ထားသည့် အခန်းထဲသို့ လူတစ်ဦးဝင်လာသည်။ထိုလူသည် များလှစွာသော သော့ချောင်းများကိုတချွင်ချွင်မြည်အောင် လှုပ်ခတ်လာသည်။

''ထတော့ နေဝင်နေပြီ''

လူငယ်သည် မဲ့ပြုံးတစ်စုံဖြင့်ပထမဦးစွာ ထိုလူအားစိုက်ကြည့်လိုက်သည်။ထိုလူခိုင်းသည့်အတိုင်း မတ်တပ်ရပ်ကာ ဒုတိယအကြိမ် တံတွေးဖြင့် မျက်နှာကိုထွေးပစ်လေသည်။

''ဆိုက်ကိုကောင် ငါ့ကိုဖမ်းထားမယ့်အစား သတ်ပစ်လိုက်။''

ထိုလူသည် အင်္ကျီအိတ်ကပ်ထဲမှ စီးကရက်နှင့် မီးခြစ်ကိုထုတ်ကာ မီးညှိလိုက်သည်။လူငယ်ထွေးထားတဲ့ မျက်နှာပေါ်က တံထွေးကိုမသုတ်ဘဲ ဆေးလိပ်ငွေ့ကိုရှူရှိုက်လိုက်သည်။

''အရိုင်းကောင်လေးကို စိုးမိုးချင်လို့ဖမ်းထားပါတယ်ဆိုမှ ကိုယ်ကသတ်ပစ်ရက်ပါ့မလားကွာ စဥ်းစဥ်းစားစားတွေးပါဦး။ မင်းကဉာဏ်ကောင်းပါတယ် သေချာလေးတွေးတော။ကိုယ်မင်းကို လွှတ်ပေးနိုင်မယ့် နေ့ရက်ရှိလာမလားဆိုတာကို''

လူငယ်သည် ဘာမျှပြန်မပြောနိုင်အောင် အားလျော့လာသည်။ထိုလူသည် လူငယ်မှသူ့ကိုဘာမှမတုံ့ပြန်သဖြင့် ဆေးလိပ်ငွေ့ဖြင့် မျက်နှာကိုမှုတ်ထုတ်ကာ လူငယ်၏ဒေါသကိုဆွသည်။ လူငယ်ဒေါသထွက်တာကို သူကြိုက်သည်။လူငယ်ဒေါသထွက်တိုင်း မျက်ရည်ဝဲလဲ့လဲ့ဖြစ်သည်ကို သူချစ်သည်။လူငယ်ကို သူမြတ်နိုးသည်။ထို့ကြောင့် လူငယ်ကိုသူ​သော့ခတ်ထားလေသည်။

ပဟေဠိဆန်သော မင်းမျက်ဝန်းWhere stories live. Discover now