အပိုင်း (၂)

4 2 0
                                    

''နိုးပီလား။မင်းကွာ....ကိုယ်ဘယ်လောက်ထိ ရင်တုန်ခဲ့လဲဆိုတာ.....တောက်။မင်း....မင်း....။ဒီမှာစက္ကလူငယ် မင်းငါ့လက်ကနေ ငါသေမှထွက်ပြေးလို့ရမယ်။ငါရှိနေသရွေ့တော့ မင်းကိုသေရွာကနေ ရအောင်ကိုပြန်ခေါ်မယ်ဆိုတာ မင်းသိထား''

ကျွန်တော် သူ့ကိုဘာစကားမှ ပြန်မပြောချင်။ကျွန်တော်တစ်ကိုယ်လုံး ထုံထိုင်းနေသည်။ကျွန်တော်လှုပ်လို့မရ။လက်မှာလည်း ဆေးချိတ်ထားသည်။ကျွန်တော် နေရောင်ရတဲ့အခန်းမှာ ရောက်နေသည်။သို့သော် ခြေတွေလက်တွေ၌ သံကြိုးတွေရှိသေးသည်။ကျွန်တော် ဒီငြီးငွေ့ဖွယ် ကောင်းသည့်အခန်းကို မကြည့်ချင်တော့။
မျက်စိမှိတ်ကာ အတိတ်ကိုသာပြန်တွေးနေမိတော့သည်။ထို့နောက် ထီလာသျှမ်း၏ ဂနာမငြိမ်လမ်းလျှောက်သံတွေကိုကြားနေရသည်။သူသည်သိပ် မုန်းဖို့ကောင်းပါသည်။

🍃🍃🍃🍃

ထိုလူကို ကျွန်တော်မမြင်ရ။ထိုလူသည် ကျွန်တော်ရဲ့ လည်ပင်းကိုဓားဖြင့်ထောက်ထားသည်။ဓားသည် ထက်လွန်းသည်။တိခနဲ ရှသွားသောကျွန်တော်ရဲ့လည်ပင်းသည် သွေးတွေယိုစိမ့်လာ၏။သွေးထွက်လွန်တတ်သော ကျွန်တော်သည် မိုက်ခနဲမူးချင်လာသည်။

''မင်းဒီနေ့လစာထုတ်တယ်မလား
ပေးစမ်းအဲ့ဒီ ပိုက်ဆံ။မပေးလို့ကတော့ မင်းအသက်ဖက်နဲ့ထုတ်ဖို့ပြင်ထားတော့''

ကျွန်တော်ရင်တွေထိန်းမရအောင် တဒိတ်ဒိတ်နှင့်တုန်နေသည်။မဖြစ်သေး တစ်ခုခုတော့ကြံမှရမည်။

''ဗီရိုထဲမှာ အထုတ်အမဲရောင်လေးရှိ..ရှိတယ်။အဲ့ဒီထဲမှာ ခင်များလိုချင်နေတဲ့ ပိုက်ဆံတွေရှိတယ်''

''အေး မဟုတ်လို့ကတော့ မင်းဒီနေရာမှာတင်ပွဲချင်းပြီးဖို့ပြင်။
မှောက်နေ''

ကျွန်တော်သည် သူခိုင်းသည့်အတိုင်းနေမြဲတိုင်းနေရာမှာ မှောက်လိုက်သည်။ထိုသူခိုးသည် အခန်းထဲသို့ဝင်ကာ အားရပါးရလှန်လှော်ရှာလေ၏။မှောင်လှသည့် ကျွန်တော်ရဲ့အခန်းသည် ဘာမီးမှပါလာပုံမရသည့် သူ့အဖို့ ရှာရန်ခက်လောက်သည်။သူရှာနေသည်နှင့် ကျွန်တော်သည်အခန်းတံခါးကို အမြန်ပြေးပိတ်လိုက်သည်။ဂျက်မရှိသဖြင့် ခန္ဓာကိုယ်ဖြင့် ကာထားရသည်။ဖုန်းကလည်း ကျကျန်နေခဲ့သည်။လူတွေကို အော်ခေါ်ရအောင်လည်း ကျွန်တော်အိမ်သည် ရပ်ကွက်၏ထောင့်စွန်းဖြစ်၍ အတော်လှမ်းလှသည်။အစ်ကိုလာချိန်ကိုသာ တောင့်ခံရင်း ဒီသူခိုးဓားမြကို ထိန်းထားရမည်။
သို့သော် စိတ်ကူးနှင့်လက်တွေ့ တစ်ထပ်တည်းမကျ။လည်ပင်းကဒဏ်ရာသည် နည်းနည်းပြင်းသည်။သွေးက အဆက်မပြတ်ထွက်နေသည်။ဒီပုံစံအတိုင်းဆို ကျွန်တော် မကြာခင်ပစ်လဲတော့မည်ပင်။သူခိုးသည် သူ့အားဖြင့်တံခါးကို တွန်းကာဖွင့်သည်။ပထမအကြိမ် မပွင့်သော်လည်း အကြိမ်ရေများလာတော့ ကျွန်တော်လည်း
မတောင့်ခံနိုင်သဖြင့် တံခါးပွင့်ရလေတော့သည်။သူခိုးသည် လဲကျသွားသော ကျွန်တော့်ကိုဒေါသဖြင့် သတ်ဖို့ပြင်သည်။ သူလည်းသတ်ဖို့အလုပ်၊မီးလည်းအလာ၊သူလည်းကျွန်တော့်ကိုအကြည့် အရာရာ အချိန်ကိုက်တိုက်ထားသကဲ့သို့ သူသည်ကျွန်တော်ကို တွေတွေကြီး စိုက်ကြည့်နေသည်။ ဓားသည်ကျွန်တော်၏ ဗိုက်ဝသို့ ရောက်ဖို့တစ်လက်မသာ လိုတော့သည်။မီးရောင်အောက်တွင် ဓားရောင်နှင့်အတူ ကျွန်တော်၏မျက်ဝန်းရောင်သည်လည်း ထိုလူကိုပြုစားနေမည်ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင်မသိ။တုံ့ဆိုင်းနေသော ထိုသူခိုးသည် အိမ်ရှေ့၌ကားသံကြားသည်နှင့် အသိစိတ်ပြန်ဝင်သွားပြီး အမြန်ထွက်ပြေးလေ၏။ကံသီပေလို့ ကျွန်တော်အသက်ရှင်ရလေသည်။
ကားသံသည် အစ်ကိုကားသံမဟုတ်။တော်ပါသေးသည် ကားသံကြောင့်ထိုဓားမြထွက်ပြေးသွားသော်လည်း အဘယ်ကြောင့် ကျွန်တော်အားမသတ်ခဲ့ပါသနည်း။​သတ်ခါနီး ကျောက်ရုပ်ကဲ့သို့ဖြစ်သွားသော သူ့မျက်နှာကို ကျွန်တော်မေ့မည်မထင်။သိပ်မကြာခင်မှာဘဲ အစ်ကိုရောက်လာခဲ့သည်။သူ့ပုံမှာ စိုးရိမ်စိတ်တွေ အပြည့်ပါနေတာ ကျွန်တော်ကြည့်တာနှင့်တန်းသိပါသည်။
ကျွန်တော့်လည်ပင်းက ဒဏ်ရာကိုသွေးတိတ်အောင်အရင်လုပ်ပေးသည်။ပြီးနောက် ရပ်ကွက်လူကြီးတွေခေါ်ကာ ရပ်ကွက်တွင်းလုံခြုံရေးအတွက် အစ်ကိုကဦးဆောင်စွာ တိုင်ပင်လေသည်။ရပ်ကွက်လူကြီးတွေ ကျွန်တော့်အား အကျိုးအကြောင်းမေး၍ ပြန်သွားပြီးနောက် အစ်ကိုသည်အိမ်ရှေ့တံခါးကို သော့ပိတ်ကာဂျက်ထိုးလိုက်သည်။ကျွန်တော့်ထိုင်မှေးနေတဲ့ ခုံပေါ် သူပါလာထိုင်သည်။

ပဟေဠိဆန်သော မင်းမျက်ဝန်းWhere stories live. Discover now