2unizg

487 45 2
                                    

စစ်မှန်သောချစ်ခြင်းတရား
           အပိုင်း (၂)

စစ်မှန်သောချစ်ခြင်းတရား
            အပိုင်း  (၂)

"ကမ်းပေ့  ချီးလ်ယား"

"မယ်ငါတို့ဂျီမင်းလေးက ဆိုဂျူးဖန်အခွက်ကို ကြည့်ပီးပြုံးလို့ပါလား ပြောစမ်း ဘာတွေစိတ်ကူးယဥ်နေတာလည်း"

ဂျင်မေးတာကို သူဘာမှပြန်မဖြေပဲ ဒီကိုလာတော့ လမ်းမှာပွေ့ဖတ်မိခဲ့တဲ့ ဟိုလူ့ပုံစံက သူ့မျက်လုံးထဲမှာစွဲထင်ကျန်ရစ်နေသည် ဆံပင်တိုတိုရှင်းရှင်းနဲ့ ယောကျာ်း ပီသတဲ့ မျက်နှာကျ ပီးတော့ ကျယ်ပြန့်ထဲရင်အုပ်ကျယ်ကျယ်နဲ့ထိုလူကို သူရင်ခုန်မိနေသည်

"အယ် ကြည့် မေးတာ မဖြေပဲ ပြုံးနေပြန်ပီ"

"အာ hyung နဲ့ဟိုဆော့ မစနဲ့ကွာ"

ဂျီမင်းရှက်ရှက်နဲ့ ဆိုးဂျူးကိုအတင်းမော့သောက်လိုက်သည်

"အော် ဒါနဲ့လေ ဂျီမင်း မင်းကို ဒုအုပ်ကြီးက စားချင်နေတဲ့ပုံကြီး မင်းသိလား "

"ဖူးးးးအဟွတ်...အဟွတ်..အဟွတ်.  အားးး ဘာကြီးလဲ ဟိုဆော့ရ"

မြိုမချရသေးတဲ့ဆိုဂျူးတွေသည် ဟိုဆော့စကားကြောင့် အပြင်ကိုပြန်ထွက်ကုန်လေပီ

"အေးလေ မင်းကလည်း မရှင်းမရှင်း ကြားရတဲ့ငါတောင် နားထဲ ကန့်လန့်ဖစ်နေပီ"

ထိုသို့ယွန်းဂီဝင်ပြောမှ ဟိုဆော့ ဇတ်လေးပုသွားရလေသည်

"ငါပြောချင်တာက ဒီလိုကွာ    မင်းကိုငါတို့ဆေးရုံဒုအုပ်ကြီးက         မင်းကိုကြွေနေတယ်ကွာ ငါပြောချင်တာအဲ့လို့"

"အေးဟုတ်တယ်  အ့ဒါတော့ငါလက်ခံတယ်"

ဟိုဆော့အပြောကိုဂျင်ကဝင်ထောက်ခံရင်း ဆိုဂျူးတစ်ခွက်ကိုမော့သောက်လိုက်ပီးမှ

"အဲ့ဒီ ဒုအုပ်ကြိးက ကွာ မင်းကိုမြင်ရင် သူ့မှာ ပြာနေတာပဲ"

"သူပြာတာ မင်ကဘာလုပ်ရမှာလည်း"

"ဟ့ ငတုံးလေး မင်းအတွက်တတ်လမ်းလေကွာ မင်းကိုသူဖွင့်ပြောလာရင် ချက်ချင်းကြီးကို လက်ခံလိုက်ကွာ"

"No per မင်ကကိုယ့်တတ်လမ်းတစ်ခုအတွက်  ဘတော့မှ ကိုယ်မချစ်တဲ့သူကို လက်မခံဘူး မင်ကအချစ်ကိုနှလုံးသားနဲ့ပဲ ရွေးချယ် မှာ"

စစ်မှန်သောချစ်ခြင်းတရား Where stories live. Discover now