3unizg

448 44 2
                                    

စစ်မှန်သောချစ်ခြင်းတရား
            အပိုင်း (၃)

အခန်းတစ်ခန်း အပ်ကျသံပင်ကြားရသည်ထိတိတ်ဆိတ်နေတဲ့ အခန်းတစ်ခန်း ထိုအခန်းထဲရှိ ကုတင်တစ်လုံးပေါ်တွင် ခြေဆင်းထိုင်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ခြေဆင်းထိုင်နေတဲ့ကောင်လေးရဲ့ အကျီကို မကာ ဗိုက်နားရှိဒဏ်ရာကို ဂရုတစိုက် ဆေးထည့်ပေးနေတဲ့ကောင်လေးတို့ရှိလေသည်

ဒေါက်တာ ချောချောလေးသည် သူလုပ်ရမဲ့ အလုပ်သာ ဂရုတစိုက် အာရုံနှစ်ပီး လုပ်ကိုင်ပေးနေလေသည် အ့ကောင်လေးကိုငေးကြည့်နေသည့်ကောင်လေးသည်လည်း မျက်နှာမလွဲပေ..

ဂျောင်ဂု သူ့ဗိုက်က ဒဏ်ရာကို အာရုံစိုက် လုပ်ကိုင်ပေးနေတဲ့ ဒေါက်တာသေးသေးလေးမျက်နှာကို အားမနာမစမ်းငေးကြည့်နေရင်း သူ့ချစ်စိတ်တွေတတ်လာခဲ့သည်...
မျက်နှာ နူတ်ခမ်းဖူးဖူးလေးတင်မဟုတ်ဘူး ဂွမ်းညှပ်ကတ်ကြေးကိုင်ထားတဲ့ လက်သေးသေးလေးတွေသည် တစ်ချောင်းချင် ကိုက်စားချင်လောက်အောင်ကို ချစ်ဖို့ကောင်းနေသည် မဟားတရားတွေချစ်ဖို့ကောင်းနေမှုကြီးက ဂျွန်ဂျောင်ဂု အသက်ရှုတွေပြင်းလာပီး နှာခေါင်းသွေးတောင် လျှံချင်လာရပါသည်...

"အရင်ထိထားတဲ့ ဒဏ်ရာက ပြန်ထိတော့ နည်းနည်းထပ်ပြဲသွားတယ် နှစ်ချက်လောက်တော့ချုပ်မှရမယ် ဒီမှာ လူနာ လူနာ ကျွန်တော်ပြောတာ ကြားလား"

ဂျီမင်းဒဏ်ရာကို အရင်သန့်စင်ပေးပီးမှ ဒဏ်ရာကို သေချာကြည့်မိတော့သည် အချွန်တစ်ခုခုနဲ့ထိုးခွဲမိထားတဲ့ဒဏ်ရာကို ခုပြန်ထိတော့ တော်တော်ကို ဆိုးနေသည် ဒါကြောင့် ထပ်ချုပ်ရ​မယ်ဆို​တာကို သူ့ ဟို ပုဂ်ဂုလ်ကိုယ်မျက်နှကို မကြည့်ပဲ ပြောလိုက်မိသည် သူမေးတာကို ပြန်မဖြေလို့ မော့အကြည့် သူ့ကို ကြည့်နေတဲ့ လူနာကောင်ရဲ့ အကြည့် လူပင်လန့်ဖျန်သွားရသည် စိတ်တိုတိုနဲ့ လူနာကောင် မျက်နှာရှေ့ကို လက်ဝှေ့ပြလိုပ်တော့မှ သတိဝင်လာသလို နဲ့ သွားလာဖြီးပြတဲ့ သူပါ..
ဂျီမင်းခနမျှ ထိုလူနာကောင် အပြုံးမှာ ငေးမောမိသွားသည် လူပုံစံကြည့်တော့သာ ယောကျ်ပီသပီး အားကိုးချင်စရာ ရီလိုက်တော့ တကယ့်ကလေးလေးလေးလိုပဲယုန်သွားလေးနဲ့...

စစ်မှန်သောချစ်ခြင်းတရား Onde histórias criam vida. Descubra agora