8.unizg

314 29 2
                                    

စစ်မှန်သောချစ်ခြင်းတရား
         အပိုင်း.(၈)

"အ့တော့ မင်းစတာ သူငိုသွားတာပေါ့"

"အွန်း ငါလည်း သူ့ကိုပြန်တွေ့ကတည်းက အူမြူနေတာ အ့ဒါနဲ့ စလိုက်မိတာ ငါလွန်သွားတယ်ကွာ ဒေါက်တာလေးငိုသွားတာ ငါခုထိမျက်လုံးထဲက မထွက်သေးဘူးကွာ"

"တော်သေးတာပေါ့ ဟိုက မထိုးသွားလို့ စစရာရှားလို့ ဗုံးနဲ့များသွားစရတယ်လို့"

"မင်းတို့ကောင်တွေကလည်းကွာ အကြံများရမလားလို့ ပြောပြမိပါတယ် ပိုဆိုးနေတယ်"

ဟုတ်တယ် လေ အကူညီရမလားလို့ ပြောပြမိပါတယ် လူကိုပြောလို့ဆိုလို့ကို မပီးတော့ဘူး...

"ဟ့ မဟုတ်လို့လားကွ"

"ကဲ ​ေတာ်ကျပါတော့ကွာ"

သူနဲ့ထယ်စကားများမို့ အစပျိုးနေတာကြောင့် နမ်းဂျွန်က ဝင်တားလိုက်ချင်ပေ.....

"ဒေါက်တာလေး ကြည့်ရတာ စိတ်သဘောထားမယ့်ပုံပါ မင်းကပဲ သူလိုအပ်တာလေးတွေလုပ်ပေးပီး သေချာတောင်းပန်လိုက် ခွင့်လွတ်မှာပါ"

"အေး သူက သူများကိုသာ စိတ်ထားပြည့်ဝတာ ငါနဲ့ဆို ဘုဘောက်ပဲ ပိုဆိုးတာက သူက ငါ့ကိုငြင်းထားတယ်လေကွာ"

"ဂဂျီဂဂျောင် ငါပြောမယ်သေချာနားထောင် ငါ့အထင်ပြောမှာနော် အ့ဒေါက်တာလေးကလည်း မင်းကိုစိတ်ဝင်စားနေတဲ့ပုံပါ မင်းကိုငြင်းတာကလည်း မင်းဆီမှာ သူမကြိုက်တဲ့အချက်လေးတွေရှိနေလို့နေမှာ"

"ဟူးးးးမသိတော့ဘူးကွာ"

"ဗိုလ်ကြီးဂျွန် ဌာနမှူးက အစီခံစာပို့ရန် အမှာပါးလိုက်ကြောင်းပါ"

သူတို့စကားပြောနေရင်း ရောက်လာတဲ့ စစ်သားငယ်လေးစကားကြောင့် ဂျောင်ဂု မျက်နှာ ချက်ချင်း မှောင်ကျသွားရလေသည်..သူ့ဘဝမှာ အကြောက်ဆုံးက အစီရင်ခံစားရေရတာက်ု အကြောက်ဆုံးပဲ...

"အေး အေး ခနနေ တင်လိုက်မယ်လို့"

"ဟုတ် ဗိုလ်ကြီး ပီးတော့ မှာလိုက်ပါသေးတယ် အစီရင်ခံစာကို ကိုယ်တိုင်လာတင်ပါတဲ့"

"ဟ့ ဘယ်သူတင်တင်အတူတူပဲကို ပီးရော သွား မင်းသွားစရာရှိတာသွားတော့"

စစ်မှန်သောချစ်ခြင်းတရား Место, где живут истории. Откройте их для себя