17unizg

553 23 2
                                    

ညနေခင်းဝင်စပြုနေတဲ့လိမ္မော်ရောင်ဆည်းဆာအောက်မှာ ကားလေးတစ်စီး.ထိုကားလေးပေါ်မှာ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးနမ်းနေကျတဲ့ကောင်လေးနှစ်ယောက် လမ်းလေးကရှည်လျားသလို အနမ်း​တွေကလည်းမရပ်တန့်ကျပေ..အချစ်ကိုဝန်ခံဖွင့်ဟကျတဲ့သူနှစ်ယောက်ရဲ့ချစ်ခရီးလမ်းလေးကအရမ်းကိုလှပနေလျက်....။ကားလေးသည်လည်းလိုရာခရီးသွားရာသူ့လမ်းကြောင်းကိုဦးတည်ပြေးလွှားနေသည်..။

......

သူတို့စခန်းကိုရောက်သည်နဲ့တစ်ယောက်ကိုတစ်ယောက်မျက်လုံးချင်စုံမကြည့်ရဲရှက်နေကျသည်..။အနမ်းတွေကန်း ကားရပ်သည်ထိမရပ်တန့်ခဲ့တာကြောင့် ကားဆရာအော်ပြောမှ သတိဝင်နမ်းချင်းကိုရပ်တန့်နိုင်ကျသည်..။

"သွား သွား ကျမယ်လေ.."

"အော် အွန်း သွား သွားကျတာပေါ့.."

ဂျီမင်း လူနာကောင်မျက်နာကိုရဲရဲမကြည့်ရဲချေ..။ ထူပူနေတဲ့နူတ်ခမ်းထူလေးကိုလက်လေးနဲ့အသာထိကိုင်ထားပီး လူနာကောင်မျက်နာကိုမကြည့်ရဲတာကြောင့် ခေါင်းလေးငုံကာပြောလိုက်မိသည်..။ရှက်တဲ့စိတ်ကြောင့် စကားကချောချောချူချူမထွက်..။လူနာကောင်သည်လည်းသူနည်းတူစွာရှက်နေလားမသိ စကားသံတုန်တုန်လေးနဲ့ ပြန်ဖြေရှာသည်..။

ဂျီမင်းကပဲရှေ့ကပဲဦးဆောင်ဝင်လိုက်သည်..။နားနေဆောင်ထဲရောက်​တော့ ထယ်နဲ့ဟို​ဆော့နှစ်ယောက်ပူးကပ်ထိုင်နေတာကိုမြင်တာကြောင့်သူတို့ရှေလှမ်းတွေရှေ့ဆက်မတိုးတော့..ထယ်ယောင်းကဟိုဆော့နားထင်လေးကိုဖွဖွလေးနှိပ်ပေးနေသည်..။ရုတ်တရပ် ထယ်ယောင်းလှည့်ကြည့်လာတာကြောင့်ဂျီမင်းလှန်ဖျန့်နောက်ဆုတ်မိသည် အလိုလိုမှကြောက်လန့်နေတဲ့စိတ်ကြောင့်လိပ်ပြာလေးကလွင့်ချင်နေပီ..ဂျီမင်းနောက်ကို ဆုတ်လိုက်မိတော့ ဂျောင်ဂုရင်ခွင်ထဲကိုကျောပြင်လေးထိကပ်သွားရသည်...။

"အော် ပြန်လာကျပီလား နောက်ကျတယ်နော်မနက်ကတည်းကထွက်သွားကျတာခုမှပဲပြန်ရောက်လာကျတယ် ဘယ်တွေသွားနေကျတာလည်း.."

"ဟို..."

ထယ်ယောင်းအမေးကိုဂျီမင်းဘယ်ကဘယ်လိုစဖြေရမလဲမသိ..။လက်ညိုးလေးတထောင်ထောင်နဲ့ ဂျောင်ဂုကို လက်ညိုးထိုးပြသည်..။

You've reached the end of published parts.

⏰ Last updated: Nov 21, 2023 ⏰

Add this story to your Library to get notified about new parts!

စစ်မှန်သောချစ်ခြင်းတရား Where stories live. Discover now