Chapter 1

2.6K 235 1
                                    

နှစ်ခြိုက်စွာအိပ်နေရမည့် မနက်လေးနာရီအချိန်ကြီးမှာ ရှီဝမ်စိတ်ပူပန်လာသည်။ သူ့ဖုန်းကိုကောက်ကိုင်ကာ WeChat ဖွင့်လိုက်ပြီးမုကျန်းဆီမက်ဆေ့တစ်စောင်ပို့လိုက်သည်။ သူ့လက်ချောင်းတွေက ရှည်လျားသွယ်လျကာ သန့်ရှင်းနေပြီးမက်ဆေ့တစ်စောင်ရိုက်နေသည်။ ပေးပို့မည်ခလုတ်အပေါ် မှာသူ့လက်ချောင်းတွေတန့်နေပြီး အချိန်အတော်ကြာအောင်မနှိပ်နိုင်ခဲ့ပေ။

သူ့မှာမုကျန်းကိုသေချာမရှင်းပြရသေးတဲ့ မကျေနပ်ချက်များစွာရှိနေပေမဲ့ ကြည့်ရတာပြောဖို့အခြေအနေမသာတော့ဘူးထင်ပါရဲ့
အဘယ်ကြောင့်ဆိုသော် သူတို့မနက်ဖြန်ကွာရှင်းကြတော့မည်ဖြစ်သည်။

သူအရင်တုန်းကလည်းအဲ့ဒီအကြောင်းတွေကိုမပြောပြချင်ဘူး အခုကျတော့ပြောဖို့မလိုတော့ပေ။ နောက်ဆုံးမှာ ရှီဝမ် lock screen ကိုပဲပိတ်လိုက်ပြီး ဖုန်းကိုအိပ်ရာဘေးကစားပွဲပေါ်ပစ်တင်လိုက်သည်။ မျက်လုံးတွေကိုမှိတ်ကာ စောင်ကိုလည်ပင်းအနားထိလွှမ်းခြုံပြီး ဆက်အိပ်လိုက်သည်။ ဒါပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာပဲ စိတ်တိုပြီး စောင်ကိုဖယ်လိုက်သည်။

" စောင်ကို ရင်ဘတ်နဲ့လည်ပင်းအောက်ပိုင်းကိုအုပ်ထားရမယ် ဘေးတစ်စောင်းမအိပ်ရဘူး"
အဲ့လိုအိပ်ခြင်းကကျန်းမာရေးနဲ့အညီညွတ်ဆုံးအိပ်စက်တဲ့အနေအထားလို့ မုကျန်းတစ်ခါကပြောဖူးသည်။

Fuck ကျန်းမာရေးလား။ ငါကျန်းမာဖို့မလိုဘူး

ရှီဝမ် စိတ်သောကရောက်စွာ ဆံပင်တွေကိုဆွဲဖွလိုက်ပြီး ထထိုင်လိုက်သည်။ မုကျန်းဆီမက်ဆေ့မပို့ခင်ကအကြောင်းတွေကို သူပြန်စဉ်းစားနေသည်။ နေပါအုံး သူဘာကိုစဉ်းစားရမလဲ အာ ဟုတ်ပြီ သူတို့ကွာရှင်းရတဲ့အကြောင်းကိုစဉ်းစားရမယ်

သူတို့ကွာရှင်းရခြင်းအကြောင်းပြချက်ကမရှုပ်ထွေးဘူး။ ဒီနေ့ကသူနဲ့မုကျန်းတို့ရဲ့အိမ်ထောင်သက်ခုနစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်သည်။ သူကအံ့အားသင့်စရာအားလပ်ရက်တစ်ခုကို စီစဉ်ထားပေမဲ့ မုကျန်းကဆယ့်တစ်နာရီမထိုးမချင်းအိမ်ပြန်မလာခဲ့ဘူး။
သူအခုချိန်ထိဘာလို့မအိပ်ရသေးလဲဆိုတာ သူလည်းသိချင်မိသား ။ ဘာလို့မအိပ်နိုင်သေးတာလဲ။ သူမဘာလို့နောက်ကျမှပြန်လာလဲဆိုတာစဉ်းစားမနေသင့်ဘူးလေ။ အဲ့ဒီအချိန်တုန်းက သူတညလုံးဒေါသထွက်နေခဲ့တယ်ဆိုတာ ရှီဝမ်ဝန်ခံပါတယ်။

ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now