Chapter 4

1.7K 199 1
                                    

ရှောင်မုကျန်းသက်ပြင်းတစ်ချက်ချလိုက်သည်။
" ဦးလေး သူတို့ရှေ့မှာ အဲ့လိုကြီးမပြောလို့မရဘူးလား"

" သူတို့ကိုယ်ကသာကောင်းမနေရင် ဘယ်လိုလုပ်ချစ်ဖို့ကောင်းမှာလဲ "

ရှီဝမ် တိရိစ္ဆာန်ပိစိလေးတွေကိုဂရုမစိုက်ပေ။
" သွားကြစို့ အရမ်းမစောတော့ဘူး ငါတို့ကစားကွင်းလည်းသွားဖို့ရှိသေးတယ်လေ "

ရှောင်မုကျန်း တစ်စက်မှမရွေ့ဘဲရှီဝမ်ကိုသနားစရာကောင်းစွာ ကြည့်လာသည်။
" ဦးလေး တစ်ကောင်လောက်ပြန်ဝယ်သွားလို့မရဘူးလားဟင်"

ရှီဝမ် ခေါင်းကိုက်ရလေပြီ။ ငြင်းဆန်ချင်ပေမဲ့လဲတွေးမိလိုက်တဲ့အခါ ငြင်းမဲ့စကားတွေကိုပြန်မြိုချလိုက်ရသည်။

" မင်း ယုန်တွေကိုသဘောကျတာလား"
ရှောင်မုကျန်း ခေါင်းလေးညိတ်ပြလာသည်။

" ခွေးတွေရော ကြိုက်လား"

ရှောင်မုကျန်းခေါင်းထပ်ညိတ်တယ်။
" ကြောင်တွေရော ကြိုက်လား"

ရှောင်မုကျန်းခေါင်းထပ်ညိတ်ပြန်သည်။

" တိရိစ္ဆာန်သေးသေးလေးတွေ အကုန်လုံးကိုသဘောကျတာလား"

ရှောင်မုကျန်း စဉ်းစားပြီးခေါင်းပဲဆက်တိုက်ညိတ်နေသည်။ သူ့ခေါင်းပိုကိုက်လာတယ်လို့ကရှီဝမ်ခံစားရသည်။ ရှီဝမ်ငယ်ငယ်ကခွေးကိုက်ခံရဖူးတာကြောင့် ခွေးတွေကိုသဘောမကျပေ။ တခြားအကောင်အသေးလေးကိုတောင်သဘောမကျတော့ပေ။

သူ့ဇနီးကို လက်မထပ်မီက သူ့ဇနီးကအကောင်လေးတွေမွေးချင်မှာကို သူစိုးရိမ်ခဲ့ရသည်။ ဒါကြောင့်သူသေချာသီးသန့်မေးခဲ့သည်။အဲ့ဒီနောက် သူ့ဇနီးကဘယ်လိုပြန်ဖြေခဲ့ပါလိမ့် ကြည့်ရတာဒီလိုဖြေခဲ့တာဖြစ်မည်။
'ကျွန်မစိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ် လူတွေကိုကူညီနေရတာနဲ့တောင်မအားတာ တိရိစ္ဆာန်လေးတွေကိုဂရုစိုက်ဖို့အချိန်ပိုဘယ်လိုရှိပါ့မလဲ'

ရှီဝမ် ခံစားချက်တွေကိုမပေါ်လွင်စေဘဲ စဉ်းစားနေမိသည်။ ဆယ့်ခုနစ်နှစ်အရွယ်မင်းကတော့စိတ်ရှည်သည်းခံမှုနဲ့နှစ်သက်မှုတွေ အကန့်အသတ်ရှိနေပုံမပေါ်ပေ။

ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now