Chapter 2

2.2K 211 0
                                    

" ငါဒီနေ့ အလုပ်မလာတော့ဘူး ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ မင်းကိုပြောလို့ အဆင်မပြေဘူး မုကျန်းလည်းမလာဘူး သူလည်းကိစ္စရှိတယ် ဒါငါတို့ကိုယ်ရေးကိုယ်တာလေ မင်းနဲ့ဘာဆိုင်လို့လဲ မဟုတ်ပါဘူး ငါတို့ဥပဒေကိုမချိုးဖောက်ပါဘူး"

သူဌေးတစ်ယောက်ဖြစ်ရခြင်းဆိုတဲ့အကျိုးကိုအခုချိန်မှ ရှီဝမ်ခံစားမိတယ်။ မုကျန်းရဲ့ဘော့စ်ကိုခွင့်ယူဖို့ သူဘယ်လိုပြောရမှန်းတကယ်မသိပေ။ မုကျန်းအကြောင်းတွေးမှပဲ ထမင်းစားစားပွဲမှာခေါက်ဆွဲပြုတ်ထိုင်စားနေတဲ့မုကျန်းအငယ်လေးကို ရှီဝမ်လှည့်ကြည့်လိုက်မိသည်။

တစ်နာရီနီးပါးရှင်းပြလိုက်ရပြီး သူ့ရဲ့နိုင်ငံသားကတ် လက်ထပ်မှတ်ပုံတင်နဲ့အိမ်ခြံမြေမှတ်ပုံတင်တို့ကိုပါထုတ်ပြပြီးနောက် ရှောင်မုကျန်းလေးကို သူဟာသူမယောက်ျားဖြစ်ပြီး လူကုန်ကူးသူမဟုတ်ကြောင်းယုံကြည်လာအောင်ပြောနိုင်ခဲ့သည်။ သူ့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ဘယ်နေရာမှာသူတို့ရှိနေကြောင်းကို အတည်ပြုပြီးနောက် ရှောင်မုကျန်းလေးကသူ့ကိုယုံကြည်စပြုလာသည်။

သူမပထမဆုံးပြောလာတာက ဗိုက်ဆာတယ်ဖြစ်ပြီး သူမအတွက်မနက်စာကိုရှီဝမ်ကိုချက်ခိုင်းတော့သည်။ မနက်စာကိုသူ့ဘာသာချက်ပြုတ်ဖို့ ရှီဝမ်စီစဉ်ထားပြီးသားဖြစ်သော်လည်း ရှောင်မုကျန်းလေးကပြောလာသောအခါ သူ့နှလုံးသားထဲနူးညံ့မှုလေးခံစားလိုက်ရသည်။ သူ့ဇနီးနဲ့ရှောင်မုကျန်းလေးကစရိုက်လက္ခဏာအတော်လေးကွဲပြားတယ်လို့သူခံစားရသည်။ အဲ့ဒီနှစ်ယောက်ကိုတစ်ယောက်တည်းလို့ သူမြင်လို့မရနိုင်ပေ။

အခုလိုပေါ့ သူ့ဇနီးကအစားအသောက်ဂျီးမများတတ်ဘဲအကုန်စားပြီး ရှောင်မုကျန်းလေးကတော့မျက်မှောင်လေးကြုံ့ကာ ကြက်သွန်နီ၊ နံနံပင်နဲ့ အသီးအရွက်တွေကိုပန်းကန်ထဲကနေ တစ်ခုချင်းဖယ်ထုတ်ပြီး အသားနဲ့ဥတွေပဲချန်ထားသည်။

ဇာတ်လမ်းအနည်းငယ်ဆန်သည်ဟုခံစားရသည်။ ရှီဝမ်ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး သူ့အင်္ကျီလက်တွေကိုလိပ်တင်ကာ စားပွဲခုံကိုခေါက်လိုက်သည်။

ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now