Chapter 6 End

2.7K 313 11
                                    

ဇွန် ၁၆
ငါ့ဝမ်းကွဲကဒီနေ့ဘွဲ့ဓာတ်ပုံလာယူခဲ့တယ်။
တက္ကသိုလ်နယ်မြေထဲငါလူတစ်ယောက်နဲ့ဆုံခဲ့တယ် သူကရင်းရင်းနှီးနှီးပြုံးပြတယ်
ငါသူ့ကိုချစ်မိသွားပြီထင်တယ် ^_^

ဇွန် ၁၈
ငါ့ဝမ်းကွဲကိုသူ့အကြောင်းမေးဖို့အနောက်တိုင်းစာတစ်နပ်ကျွေးလိုက်ရတယ်။ သူ့နာမည်ကရှီဝမ်တဲ့ နာမည်လေးကနွေးထွေးလိုက်တာ တိုက်တိုက်ဆိုင်ဆိုင်သူကငါနဲ့သက်တူရွယ်တူပဲ အဓိကအချက်ကတော့သူကsingleတဲ့။
ငါအခုထိတွေ့ဆုံပွဲအကြောင်းမကြားသေးဘူးရော တကယ်လို့ဒီအခွင့်အရေးကိုငါလွတ်သွားရင်ရော သူကဝမ်းကွဲကိုမသိရင်ရောဒါမှမဟုတ် ဒီအတောအတွင်းသူ့ကိုအခြားသူတွေအတင်းခေါ်သွားရင်ရော ဘယ်လိုလုပ်မလဲ(⁠ب⁠_⁠ب⁠)ငါ့ဝမ်းကွဲငါ့ကိုသတင်းတွေမြန်မြန်ပို့လာပါစေလို့ဆုတောင်းတယ်

ဇူလိုင်၁၂
တွေ့ဆုံပွဲဖြစ်တယ်တဲ့ ငါ့ရဲ့ဆရာမကပွဲစီစဉ်သူဖြစ်နေတာကိုငါတကယ်ကျေးဇူးတင်မိတယ် ဒါဆိုငါသူ့ကိုသဘာဝကျကျလေးသိခွင့်ရပြီလေ။ သူက'hello မုကျန်း'တဲ့ သူ့နှုတ်ဖျားကထွက်လာတဲ့မုကျန်းဆိုတဲ့အသံက ငါတွေးထားတာထက်အဆထောင်သောင်းမကပိုကောင်းတယ်။ ငါ့မိဘတွေငါ့ကိုရှုပ်ရှုပ်ရှပ်ရှပ်နာမည်တွေမပေးထားလို့တကယ်ကျေးဇူးတင်တယ် ဒီနေ့ကတကယ်ကိုပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ပဲ

ဇူလိုင် ၁၄
အငြင်းခံရမှာကိုစိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားပြီး နေ့လည်ခင်းလက်ဖက်ရည်သောက်ဖို့လာနိုင်မလားလို့မေးခဲ့တယ် သူလက်ခံမယ်လို့မမျှော်လင့်ထားပါဘူး။သူကငါ့ကိုမှတ်မိတယ်လို့ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ အစည်းဝေးမှာတုန်းက ငါကထက်မြက် အရည်အချင်းရှိပြီး သူကြိုက်တဲ့ပုံစံဖြစ်နေလို့ သူကထက်မြက်ပြီးကျက်သရေရှိတဲ့ မိန်းကလေးပုံစံကြိုက်တာလား အဲ့ဒါဆိုငါ့ရဲ့လိုလီစကတ်လေးတွေနဲ့ဟန်ဝတ်စုံတွေကိုအဝေးပို့ရမယ် ဒါဆိုသူငါ့ကိုနုံအတယ်လို့မထင်လောက်တော့ပါဘူး

ဩဂုတ် ၂၅
တော်သေးတယ် ငါ့ရဲ့တခြားဖက်ခြမ်းကပေါ်လုနီးပါးပဲ ဒါပေမဲ့ရှီဝမ်ကကလေးဆန်ပြီးချစ်စရာကောင်းတဲ့ကောင်မလေးပုံစံကိုလက်ခံနိုင်ပါ့မလား ဒါပေမဲ့ငါကဆယ်ကျော်သက်လေးမဟုတ်တော့ပေမယ့်လည်း ထူးထူးဆန်းဆန်းနဲ့ကလေးတွေဝတ်တာမျိုးကိုကြိုက်နေတုန်းပဲ

🎉 You've finished reading ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed] 🎉
ကွာရှင်းခါနီးဇနီးသည်ကမိန်းမငယ်လေးဖြစ်သွားတယ် [Completed]Where stories live. Discover now