Ep - 4 💫

240 39 3
                                    

ခုတလော ဗန်ပိုင်းယားတွေ ခြေရှုပ်နေတာကြောင့် ဆောင်ဟွန်းတို့မှာ ညဘက်ကို သတိထားပြီး စောင့်ကြည့်နေရသည်။ ဒယ်လူနာ စံအိမ်ကို သာမန်လူတွေ ဗန်ပိုင်းယားအငယ်‌‌တွေ မမြင်နိုင်ပေမဲ့ နှစ်ကြီးဗန်ပိုင်းယားတစ်ချို့ကတော့ မြင်တွေ့နိုင်သည်။

တကယ်ဆို ထိုနေ့က ဗန်ပိုင်းယား ၃ ကောင်ကို သူ သတ်ပစ်ဖို့ မရည်ရွယ် ။ ညှိညှိနှိုင်းနှိုင်းပြီးသွားလောက်မယ်ထင်ပေမဲ့ သူ့ကို ရန်လိုတာကော
သူ့ကလေးပေါက်ကိုပါ ရန်မူနေတာကြောင့် မတတ်သာပဲ ဖြစ်သွားခြင်းပင်။ အကျိုးဆက်ကတော့ သူတို့တစ်မျိုးလုံး အန္တရာယ်ကြားထဲ ကျရောက်ကုန်သည်။ ဒယ်လူနာစံအိမ်ရဲ့ ဆက်ခံသူ ၊  သွေးနှောမျိူးဆက်ရဲ့ စွမ်းအားတွေ လက်ကျန်ရှိသူ အနေနဲ့ သူ တစ်မိသားစုလုံးကို ကာကွယ်ရမည် ။

ပြီးတော့ သူ့ကြောင့်ဖြစ်တဲ့ ကိစ္စတွေမလို့ တာဝန်လည်း ယူရမည် ။ အစ်ကို ဟီဆွန်းအပေါ်တော့ အများကြီး အားနာမိသည်။ ‌ရက်ပိုင်းလောက်ပဲ လိုတော့သည့် လူသားအဖြစ်ပြောင်းလဲရေးကိုလည်း ယာယီရပ်ထားလိုက်ရသည်။ သူတို့သာ လူသားဖြစ်သွားခဲ့ရင် ၊ အစွမ်းတွေ မရှိတော့ရင် သေဆုံးဖို့ဆိုတာ တကယ့်ကို မျက်စိတမှိတ်စာသာ ။

"ဆောင်ဟွန်း အဆင်ပြေရဲ့လား နားပါဦး ။ သူတို့တွေ နေ့ခင်းပိုင်း မလာနိုင်တာ သိတယ်မလား ဘယ်အချိန်ထိ ဆက်ဖြစ်နေမယ်မသိတော့ နေ့ကော ညပါဆို စိတ်ပင်ပန်းလာလိမ့်မယ် "

စိတ်ပူတကြီး ပြောလာတဲ့ အစ်ကိုဟီဆွန်းစကားကြောင့် သူ အားနာမိပြန်သည်။

"အစ်ကိုဟီဆွန်း တကယ်လို့ ကျွန်တော် တခုခုဖြစ်ခဲ့ရင် မိသားစုနဲ့ ဆောနူလေးကို စောင့်ရှောက်ပေးပါနော် အခုလိုပြောရတာ အရှက်မရှိမှန်းသိပါတယ် ကျွန်တော့်ကြောင့် အစ်ကိုဖြစ်ချင်တဲ့ လူသားလည်း ဖြစ်ခွင့်မရတော့သလို ဒီလိုတွေထိပါ အကူအညီတောင်းမိတာ တကယ့်ကို အားနာပါတယ်"

I Just Want To See You 💕 (✅✅✅)Where stories live. Discover now