EP - 9 💫

179 28 0
                                    

တညလုံးနီးပါး ငိုထားရလို့ မောလာတဲ့ ဆောနူရဲ့ ရင်အစုံက မျက်ရည်တွေရပ်တန့်သွားချိန်မှာ ပိုမွန်းကြပ်လာတော့သည်။ ညနေက သူ မြင်ခဲ့ရသည့် မြင်ကွင်းကို ယုံရခက်ခက် ။ မယုံချင်တာဆို ပိုမှန်လောက်မည်။ အစ်ကိုက မျက်လုံးမမြင်တာ သေချာလားဆိုပြီး တွေးကြည့်တော့လည်း အဖြေက မရေမရာ။

" အစ်ကိုက ငါ့အခန်းထဲ ဝင်လာတာ အေးအေးဆေးဆေးပဲလေ "

" ဒါက ငါ့အခန်းက ရှင်းလင်းနေတာကြောင့် ဖြစ်နိုင်တာပဲ"

" အစ်ကို လှေကားပေါ် တတ်သွားတာကကော "

" ဒါကလည်း ကျင့်သားရနေလို့ဖြစ်နိုင်တာပဲ "

" မက်ဆေ့ခ်ျပို့တာကျကော "

" အစ်ကို ငါ့ဆီ မက်ဆေ့ခ်ျပို့တယ်ဆိုတာ တစ်ခါတလေမှ ပြီးတော့ ညနေမှ ပို့တတ်တာ။ အစ်ကိုဟီဆွန်းအလုပ်ဆင်းချိန်မှ အစ်ကိုဟီဆွန်းကို ကိုယ်စားပို့ခိုင်းတာပဲ ဖြစ်နိုင်တာပဲ "

တစ်ယောက်တည်း မေးတလှည့်ဖြေတလှည့်နဲ့ ဗျာများနေပြီး ခေါင်းတွေထူပူလာသည်။ ဖြစ်နိုင်ရင် အစ်ကို့အိမ်ကိုသာ ပြေးပြီးမေးပစ်လိုက်ချင်သည်။ ဒါပေမဲ့ သူ မလုပ်ရဲ။

တကယ်လို့ သူ မြင်ခဲ့တာ အမှန်ဖြစ်ပြီး အစ်ကိုက လိမ်ညာနေတယ်ဆိုရင်ကော ဘာဆက်လုပ်ရမလဲ

ထိုမေးခွန်းအတွက်လည်း အဖြေဟာ ရှိမနေ။
အစ်ကို့ဆီ ဖုန်းဆက်ဖို့ပြင်နေတဲ့ လက်တွေကလည်း call ခလုတ်မနှိပ်ခင် ရပ်တန့်သွားတာ အခါခါ ။ သူ ဖုန်းမဆက်ရင်တောင် အစ်ကိုကတော့ ဆက်ဖို့သင့်တယ်မလားဟု တွေးမိပြီး ဝမ်းနည်းရပြန်သည်။

အစ်ကိုက ကောင်မလေးနဲ့ ရှိနေလို့ မဆက်တာများ ..... အာ မဟုတ်လောက်ပါဘူး
လျှောက်တွေးနဲ့ အစ်ကိုနဲ့ မနက်ဖြန်တွေ့မှာပဲ မနက်ဖြန်မှ အစ်ကိုပြောတာကို နားထောင်ကြည့်ရအောင် ဆောနူ လျှောက်တွေးနဲ့တော့

I Just Want To See You 💕 (✅✅✅)Where stories live. Discover now