EP - 11 💫

165 32 3
                                    

တစ်နေ့လုံး ထိုင်ရမလို ထရမလိုနဲ့ ဂဏာမငြိမ်တဲ့ သူဟာ ကလေးရဲ့ ဖုန်းကို ဆက်နေတာလည်း အကြိမ်ပေါင်းမနည်းတော့ ။ အစက မကိုင်ရုံပဲဆိုပေမဲ့ အခုကျ စက်ပိတ်လို့သွားခဲ့ပြီ ။ ဒီည အိမ်ပြန်မလာဘူးဆိုတဲ့ စကားကြောင့်လည်း  ပို၍အတွေးလွန်မိပြန်သည်။ သူ့အိမ်သူ့ယာ ပြန်ရောက်ရင်တောင် စိတ်ပူရနည်းနည်းလောက် သက်သာနိုင်ဦးမည်။ အခုတော့ ဘာကိုအလိုမကျလို့ သူ့ကိုအေးစက်နေမှန်းမသိတာရယ် စိတ်ပူတာရယ်ကပေါင်းပြီး လူက ပိုပြီးပျာယာခတ်လာတော့သည်။

* You're all I ever need
Baby you're amazing
You're my angel come and save me  ...*

ရုတ်တရက်ဝင်လာတဲ့ ဖုန်းသံကြောင့် ကလေးဖြစ်နေမလားဆိုတဲ့ စိတ်နဲ့ အလျင်အမြန်ကြည့်မိတော့ ဂျေးဆီက ဖြစ်လို့နေသည် ။

"ဟယ်လို ဆောင်ဟွန်း Destiny ဆိုတဲ့ club ကို သိလား အဲဒီကို အခုလာခဲ့ပေးစမ်းပါ ။  မသိလည်း သိအောင်ရှာခဲ့ကွာ ။ ဒီမှာ ငါကလေး ၂ ကောင်ကြောင့် ရူးတော့မယ် ။ မြန်မြန်လာနော်"

"ဟမ်အာ…အေးအေး လာပြီ ။ ခုလာခဲ့မယ် ခဏပဲစောင့်"

"ဝူကြီး …ဘယ်တူနဲ့ ဖုန်းကျောနေတာတုန်း အတစ်တွားရာလား"

"အသစ်မရပါဘူး ‌ဝန်းလေးရယ် ကိုက … …"

ဖုန်းတောင်မချအားပဲ ဂျေးက ဂျောင်ဝန်းရစ်တာကို ချော့နေပုံအရ ထိုကလေးတွေ တကယ့်ကို မူးနေတာဖြစ်နိုင်သည် ။ ဂျောင်ဝန်းတောင် ဒီလောက်ဆို သူ့ကလေးပေါက်ကျ ဘယ်လိုနေမည်မသိ။ ညနက်‌နေချိန်ဖြစ်၍ ကားတွေ သိပ်မရှိတာက တော်သေးသည်‌။ နေရာကို line ကနေ တစ်ချက်ရှာလိုက်ပြီး သိတာနှင့် ချက်ချင်းပင် အရှိန်တင် မောင်းထွက်လာခဲ့သည်။

Club က လူသိပ်မများပေမဲ့ အေးဆေးသည်ဟုလည်း မဆိုနိုင်။ ဆောင်ဟွန်းမှာ club ကို အခုမှ ရောက်ဖူးတာကြောင့် ဆူညံနေတဲ့ တီးလုံးသံနဲ့ ပြိုးပြိုးပျက်ပျက် မီးရောင်တွေကို ကျင့်သားမရ။ ဂျေးကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ပြန်။

ကြည့်ရတာ ဖုန်းမကိုင်အားဘူးထင်တယ်။ ငါ့ဘာငါပဲ ရှာလိုက်တော့မယ်

I Just Want To See You 💕 (✅✅✅)Opowieści tętniące życiem. Odkryj je teraz