EP - 16 💫

163 25 8
                                    

" တောက် … အသုံးကိုမကျဘူး မင်းတို့ကို
အတန်တန် သတိပေးထားရဲ့နဲ့ ဒယ်လူနာမျိုးနွယ်တွေက ဘယ်ကပေါ်လာတာလဲ ဟမ်
အရေးကြီးတဲ့နေ့မလို့ ဂရုစိုက်ဖို့ ငါ မပြောခဲ့ဘူးလား "

" အ…အား…သ....သခင်ကြီး …ကျွန်တော် …တောင်း…ပန်ပါတယ် "

" တောင်းပန်စကား ကြားချင်တာ မဟုတ်ဘူး
မနက်ဖြန်ညချက်ချင်း ကျန်တဲ့ကောင်တွေအကုန်စုခဲ့ ။ ဒီတစ်ခါမှ အမှားအယွင်းဖြစ်ခဲ့ရင် မင်းကို ငါအရင်သတ်ပစ်မယ် "

" အဟွက် …ဟွက် … ဟုတ် …ဟုတ်ကဲ့ပါ "

" ဂျမ် …daddy ဆီလာ …"

ဂျမ့်ကိုခေါ်ဖို့ ကြံစည်ပြီးမှ မနေ့ညက အသတ်ခံလိုက်ရတာ သတိရသွားသည် ။ သူက မလာပါနဲ့ တားထားရဲ့နဲ့ ထွက်လာတဲ့ ထိုကောင်လေးက တကယ်ကိုပင် ကံဆိုးတာဖြစ်သည် ။
သွေးကိုလိုသလောက် အလွယ်တကူ ထုတ်ပေးနေတဲ့သူဆိုတော့ နည်းနည်းတော့ နှမျောမိသည် ။

လူထပ်ရှာရဦးမှာပဲ ဒီလိုအခြေအနေနဲ့ အပြင်ထွက်ဖို့ ခက်တော့မှာ ။
ဂျမ်က တကယ့်ကို ပြသာနာရှာသွားတာပဲ

မနေ့ညက အစီအစဉ်တွေ စဖို့ ပြင်ဆင်ပြီးကာမှ ရုတ်တရက်ဝင်ရောက်လာတဲ့ ဒယ်လူနာမျိုးနွယ် နှစ်ယောက်ကြောင့် သူ့အစီအစဉ်တွေ ပျက်ကုန်သည် ။၂ ယောက် ၁ ယောက်ဖြစ်သည့်အပြင် သွေးနှောတွေက သူတို့ဗန်ပိုင်းယားတွေထက် ပိုအင်အားကြီးပြီး အစွမ်းထက်သည်။ ထို့ကြောင့် အင်အားစုဆောင်းထားခဲ့‌‌ပေမဲ့ ထင်ထားတာထက် ပင် အင်အားကြီးတဲ့ သူတို့ကြောင့် ရင်ဆိုင်၍မလွယ်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည် ။ သူ့ဘက်က သွေးပြောင်းတွေမှာ သူ့လောက်စွမ်းအားမရှိသလို အတွေ့အကြုံလည်းမရှိသဖြင့် အလဲလဲအကွဲကွဲ ရှုံးနိမ့်ရသည် ။ ပိုဆိုးတာက သူ့ရဲ့သွေးဘဏ်လိုဖြစ်နေတဲ့ ဂျမ့်ကို လက်လွတ်လိုက်ရခြင်းပင် ။

ဒီနေ့တော့ blood moon အပြည့်အဝကူးပြောင်းပြီးပြီမလို့ မင်းတို့ကို ရင်ဆိုင်ဖို့ အသင့်ပဲ ။ တွေ့ကြသေးတာပေါ့ သွေးနှောကောင်တွေ ဟင်း ဟင်း … …

************†************†*************

" ဆောင်ဟွန်း ဒီလောက်ပဲ လိုက်ပြီး ပြန်လိုက်ရအောင် ။ ဒီညက blood moon မလို့ သူတို့ ဒီညထပ်လှုပ်ရှားမှာ ကျိန်းသေပဲ ။ အစ်ကိုတို့ အခုလိုက်နေလည်း အကုန်တွေ့မှာမဟုတ်ဘူး "

I Just Want To See You 💕 (✅✅✅)Where stories live. Discover now