Book (1) : 02

1.1K 90 0
                                    

Chapter 02 : Master Of The Hunt

Porsche's Pov

"ဟေး ... အရင်တခါကလို ငါ့ကို ဆိုင်ရှေ့မှာ ချထားခဲ့အူးမလို့လား??"
အက်ရှရှ အသံက ကျွန်တော် နား နဲ့ နီးကပ်စွါ ထွက်ပေါ်လာပြန်သည်....

ထိုသူက မနေ့ကအတိုင်းမပြောင်းလဲစွါ ကြည့်ကောင်းနေဆဲ... မျက်နှာပေါ်က ဒဏ်ရာတွေကလည်း အရောင်ကျနေပီမို့ ...

"မင်းဘာလို့ ပြန်လာလဲ??"
တည်ငြိမ်တဲ့အသံဖြင့် ကျွန်တော် ပြန်မေးလိုက်သည်... ဆိုင်ကယ်နောက်ကြည့်မှန်ကနေတဆင့် ကျွန်တော်တို့နောက်ကို အနက်ရောင်ဝတ်စုံပြည့်ဝတ် လူတချို့ လိုက်လာတာကိုတွေ့တော့ အရှိန်ထပ်တင်လိူက်သည်...
မနေ့ကထပ် ဒီနေ့ မှာ မောင်းလို့ ပိုကောင်းနေသယောင်... လမ်းကြားအချိုးအကွေ့တွေကို ကျွမ်းကျင်ပိုင်နိုင်စွါဖြင့် အရှိန်မလျော့ပဲ ကွေ့ပတ်နေသည်...

"ဟေး .. အရှိန်လျော့အူး !!"
အက်ရှရှအသံက နောက်ကနေ သတိပေးလာပီး သူ့လက်တွေကလည်း ကျွန်တော့်ခါးပေါ်မှာ ပိုတင်းကြပ်လာသည်... သူ့မျက်နှာကိုတော့ လေတိုးဒဏ် မခံနိုင်လို့ ကျွန်တော့် နောက်ကျောမှာ အလုံးစုံ ဝှက်ထားသေး၏...

"သေချာကိုင်ထား"
ထိုတခွန်းသာ ပြန်တုံ့ပြန်လိုက်ပီး အရှိန်ကိုထပ်တင်ပစ်ကာ အနောက်ကလိုက်လာတဲ့ သူတွေက်ို ဖြတ်ချပစ်နိုင်လိုက်တယ် ...

"ရှီးယား !!! ငါ အသက်ရှိသေးတာပဲ ဟ!!"
Kinn က လေတိုးနေသည့်ကြားမှ မျက်နှာကို မရဲတရဲဖော် ချောင်းကြည့်ရင်း ရွှင်မြူးသည့်အသံဖြင့် ဆိုလာသည်...

အနောက်ကနေ ဘယ်သူမှ မလိုက်လာတော့ဖူးဆိုတာ သေချာမှ ဆိုင်ကယ်ကို အရှိန်လျှော့ချလိုက်သည်...
သေချာပေါက် ကျွန်တော်မောင်းတဲ့စကေး က အတော်ကောင်းတာမို့ မျက်ချေဖြတ်ခဲ့နိုင်မယ်ဆိုတာ ကွကိုယ် ယုံပီးသားပါလေ...
လမ်းကိုလည်း အကွေ့အကောက် တွေများတဲ့ အကောင်းဆုံးလမ်းကြားတွေကို ရွေးခဲ့တာမို့ ဘယ်သူမှ မလိုက်လာနိုင်တော့ပါ...

ဆိုင်ကယ်က ခရီးအဆုံး ကျွန်တော့်အိမ်ရှေ့မှာ ထိုးရပ်လိုက်သည်...

"စွကျိုးနဲ ဘယ်နေရာကြီး -"

"ငါ့အိမ်"
ကျွန်တော့်ဘဝ ထဲကို အရှုပ်အထွေးတွေ ဘာမှ ထပ်မခေါ်လာချင်တာမှန်ပေမဲ့ အိမ်ကိုပြန်တဲ့လမ်းဟာ ကျွန်တော် အကျွမ်းကျင်ဆုံး၊ အရင်းနှီးဆုံးလမ်း မို့ မသိလိုက်ပဲ နဲ့ အိမ်ကို မောင်းမိရက် ဖြစ်ခဲ့တယ်...

KinnPorsche (Myanmar Translation)Where stories live. Discover now