Book (1) : Final (A)🚨

1.9K 79 1
                                    

Chapter 17-A : Constant Reminder (ထပ်ကာထပ်ကာ အစဉ်ဆက်မပြတ် သတိပေးမှု)

အဆက် >> ကောင်မလေးတစ်ယောက်နှင့် Porsche အပျော်ရှာရန် ကြံပေမဲ့ ပျက်သွားပီး အိမ်သာခန်းထဲက အထွက် ဘေစင်တွင်လက်ဆေးနေသော Kinn ကို ရုတ်တရက်တွေ့လိုက်စဉ် >>

Porsche's Pov

"Hey Kinn"
အသံတီးတိုးနဲ့ နှုတ်ဆက်လိုက်တော့ Kinn က လက်ဆေးနေရာမှ မော့ကြည့်လာပီး မှန်ထဲမှတဆင့် ကျွန်တော့်ကိုမြင်သွားချိန် မြေခွေးပြုံးနှင့် ပြုံးပြလာသည်...

သူ့အပြုံး သူ့အကြည့်တွေနဲ့ မရင်ဆိုင်ရဲတာမို့ ခေါင်းကို တစ်ဖက်သို့ အမြန်လွှဲကာ သန့်စင်ခန်းထဲက ထွက်ရန် ခြေဦးလှည့်လိုက်သည်...

ရုတ်တရက်... Kinn ရဲ့ လက်တစ်ဖက်က ကျွန်တော့်လက်မောင်း၊ နောက်လက်တစ်ဖက်က ကျွန်တော့်ဆံပင်ကို ဆွဲဆုပ်စုကိုင် ဆောင့်ဆွဲလာ၏...
"ကိုယ့်ကို အသေအချာတောင် မနှုတ်ဆက်ဖူးပေါ့?? ဟမ်!?"

ဦးရေပြားတင်းကနဲဖြစ်သွားတာမို့ လန့်သွားပီး သူ့လက်တွေကို ပုတ်ချဖို့ကြိုးစားပေမဲ့ ဆံပင်တွေကို ဆုပ်ကိုင်ထားတဲ့ Kinn ရဲ့လက်က မြဲမြံလှ၏...
"မင်း ဘာဖြစ်ချင်ပြန်တာလဲ??"
မေးခွန်းမေးတာတောင် သူ့အကြည့်တွေနဲ့ ဆုံမှာစိုးလို့ ခေါင်းကို တစ်ဖက်သို့ အတင်းလှည့်ထားရတယ်...
Kinn နဲ့ နီးနီးကပ်ကပ် ရှိနေတယ် ဆိုတဲ့ အသိနဲ့တင် တစ်ကိုယ်လုံးက ရေခဲရိုက်ထားသလို တောင့်တင်းနေပီ...

"ဟေး...ကိုယ် ပါကွ... သရဲတစ္ဆေမဟုတ်ပါဖူး... ဘာလို့ ဖြူဖပ်ဖြူလျော်ဖြစ်နေရတာလဲ??"
ကျွန်တော်အမုန်းဆုံး မချေမငံ အပြုံးကြီးဆင်မြန်းထားရင်း Kinn က ခပ်ဟဟ ရီမောသည်...

"ငါ့သူငယ်ချင်းတွေဆီ ပြန်တော့မယ်"
လက်မောင်းနဲ့ ဆံပင်ကို Kinn လွှတ်ပေးသည်နှင့် ဖျက်ခနဲ လစ်ပြေးဖို့ကြံလိုက်ပေမဲ့ Kinn ရဲ့ လက်၂ဖက်လုံးက ကျွန်တော့်ခါးကို ရစ်သိုင်းဖက်လာတာမို့ သူနဲ့ပြန်ကပ်သွားရပြန်၏...

သူ့လက်မောင်းတွေကြားထဲမှာနေရင်း ဒေါသမျက်လုံးတွေနဲ့ ချာကနဲ လှည့်ကြည့်ပေးလိုက်တော့ Kinn က နားလည်သဘောပေါက်စွါ လက်တွေကို ပြန်ဖယ်ပေးပီး -
"ဘယ်လိုနေသေးလဲ??"
သူ့အသံက အနိမ့်အမြင့်မရှိ ပုံမှန်လေသံ ပြန်ဖြစ်သွားပီ...

KinnPorsche (Myanmar Translation)Where stories live. Discover now