Book (1) : 11(B)

732 70 2
                                    

Chapter 11-B : Insanity

Porsche's Pov
Kinn ရဲ့ ဖဲသားဝတ်ရုံရှည်က ကျွန်တော် မတော်တဆ ဆွဲလိုက်မိလို့ကျွတ်သွားပေမဲ့ နှစ်ယောက်စလုံးက ယောကျာ်းသားတွေပဲမို့ ကိစ္စတော့မရှိပေမဲ့ အနည်းငယ်ကို့ရို့ကားယားတော့ နိုင်သည်...

"..."
ကျွန်တော်အမြန်အကြည့်လွှဲလိုက်မိတယ်... ဆက်ကြည့်နေမိရင် Kinn က ပြသနာရှာလာနိုင်၏..

"ဟမ်း... မင်းက ကြည့်ချင်နေတာလား?"
Kinn က ကျွန်တော့်ကို ရမ္မက် အပြည့်ပါသောအကြည့်၊ မျက်လုံးခပ်နက်နက်တိို့ဖြင့်ကြည့်နေသည်...

"ငါကဘာလို့ကြည့်ချင်ရမှာလဲ?? မင်းမှာပါတဲ့ဟာအကုန် ငါ့မှာလည်း ရှိနေတာကို"

"အိုး ဟုတ်လား? ဒါပေမဲ့ ကိုယ့်ဝတ်ရုံကို ဆွဲချွတ်လိုက်တာတော့ မင်းပဲလားလို့??"
Kinn က နှုတ်ခမ်းတဖက်တွန့်ပြုံးရင်း ပြန်တုံ့ပြန်သည်...

တကယ်ခေါင်းစားမိတယ်... သူက စိတ်မဆိုးတဲ့အပြင် နောက်တီးနောက်တဲ့ စကားတွေနဲ့တောင် ပြန်စနေသေးတယ်?? သူ့အပြုံးကြီးကိုမြင်ရတာ တစ်ကိုယ်လုံးကြက်သီးမွှေးညင်းတွေပါထတယ်...

"မင်းမှာကော ဘာတွေပါလဲဆိုတာ ကြည့်ရအောင်"
Kinn က အတွင်းခံတစ်ထည်တည်းရှိသော ဝတ်လစ်စလစ် ခန္ဓာကိုယ်နှင့်ကျွန်တော့်အနားထပ်ကပ်ဖို့ ကြိုးစားလာပြန်သည်... ဆိုဖာပေါ်ကနေ ကျွန်တော် အမြန်ထဖိူ့ ကြိုးစားပေမဲ့ သူက အထ မခံပဲ အပေါ်ကနေ အုပ်မိုးထားတယ်..
"ငါ့ကိုလွှတ်!!!"

လက်တွေကို ထပ်ဆန့်တန်းပီး Kinn ရဲ့ ရင်ဘတ်ကို တွန်းဖို့ လုပ်ပေမဲ့ Kinn က ကျွန်တော့်လက်တွေကို ဖမ်းဆုပ်ပီး ဆိုဖာပေါ်မှာ လုံးဝ လှဲအိပ်ကျသွားသည်အထိ သူက အားသုံးဖိထားပစ်နိုင်ခဲ့သည်...

"မင်းဘာလုပ်ချင်နေတာလဲ?? ခွေးကောင်!!"
အရူးလိုအော်ဟစ်ပီး ဒူးကိုသုံးကာ သူ့ကိုတွန်းဖယ်ကြည့်ပေမဲ့ မရ... Kinn ရဲ့ တစ်ကိုယ်လုံးက ကျွန်တော့်အပေါ် ဖိကျလာသည်...

အခုလက်ရှိ ကျွန်တော်တို့ ၂ယောက်ရဲ့ ပုံစံ အနေအထားကြီးက ထူးဆန်းတယ်... ကျွန်တော်က ဆိုဖာပေါ်မှာပက်လက်၊ လက်နှစ်ဖက်က Kinn ရဲ့ ဖမ်းချုပ်ခြင်းကိုခံထားရပီး တစ်ဖက်စီ က ခေါင်းရဲ့ တဖက်တချက်စီမှာ... ခန္ဓာကိုယ် ၂ခု က တစ်ထပ်တည်းကျနေပီး ပူးကပ်လွန်းလို့ ကြားလေတိုးဖို့ နေရာတောင်မရှိ...

KinnPorsche (Myanmar Translation)Where stories live. Discover now