Book (2) : 20(B)

664 65 1
                                    

Chapter 20-B : Loop
အဆက် >> ထွက်လမ်းရှာတွေ့ခဲ့ပေမဲ့ ရန်သူတွေနဲ့ ထိပ်တိုက်တွေ့၊ ပြန်တိုက်ခိုက်၊ လူအင်အားမမျှတော့ Porsche ကို ဝိုင်းခံလိုက်ရ >>

Porsche's Pov

တခြားတစ်လမ်းကနေ ပတ်ပြေးလို့ Kinn ကို ပြောခဲ့ပေမဲ့ ကျွန်တော့်စကားကို Kinn က နားထောင်ပုံမရ...
သစ်ပင်တစ်ခုပေါ်ကနေ ဘွားခနဲ ခုန်ချလာခဲ့တဲ့ Kinn ဟာ ကျွန်တော့်ကို ဝိုင်းထားတဲ့ လူ ၃ယောက်ထဲက တစ်ယောက်ပေါ်သို့ ကွက်တိ...

ရုတ်ရုတ်သဲသဲဖြစ်သွားချိန် အနီးဆုံး ရန်သူရဲ့ လက်ကောက်ဝတ်ကို ဆွဲလိမ်ချိုးပီး သေနတ်ကိုလုလိုက်၏... Kinn တစ်ယောက် လက်တွေ ခြေထောက်တွေသာ သုံးပီး တိုက်ခိုက်နေတာမို့ သူ့သေနတ်လည်း ကျည်ဆန်ကုန်ခဲ့ပီဆိုတာ အသေအချာပဲ... သေနတ်တစ်လက် လက်ထဲရောက်လာပေမဲ့ သုံးချိန်တောင် မရလိုက်ပါ... ရန်သူဖက်က စစ်ကူတွေ တဖွဲဖွဲရောက်ချလာပီး Kinn နဲ့ ကျွန်တော့်ကို အပီအပြင် ဆော်တော့၏...

တောထဲမှာ နေခဲ့ရတဲ့ ၂ရက်ကော၊ အရင်ရက်တွေက အဖျားလည်း ရှိခဲ့တဲ့ ကျွန်တော် ဘယ်လိုမှ မဟန်တော့ပါ... Kinn ကို ကြည့်တော့လည်း ထိုးကြိတ်ခံနေရရှာသည်... သူ့လက်ဖျံမှာ ရှရာကြီးနဲ့ . Kinn...မင်းတော့ ဒုက္ခပါပဲ!!
Kinn ကို စိတ်ပူပေးမိသည့်တစ်ခဏ လက်သီးတစ်လုံးက ဝမ်းဗိူက်တဲ့တဲ့ အားပြင်းစွါဝင်လာတော့ လူကမြေပြင်ပေါ် ပြိုလဲကျသွားတော့သည်...

"Porsche!!!!"

// ဘန်း //

ခေါ်သံ၊ သေနတ်သံ နှင့်အတူ Kinn ရဲ့ အပြုအမူကြောင့် ကျွန်တော် မျက်လုံးတွေတောင် ပြူးမိ၏... Kinn က ရန်သူတွေကြားထဲကနေ အတင်းတိုးထွက်ကာ မြေပြင်ပေါ်ကွေးကွေးလေးလဲကျနေသည့် ကျွန်တော့်အပေါ် အုပ်မိုးပီး တင်းတင်းကျပ်ကျပ် လုံနေအောင် ဖက်ထားသည်...

သေနတ်က ကျွန်တော့်ကို ချိန်ရွယ်ပီးပစ်လိုက်တာမှန်ပေမဲ့ ဘာနာကျင်မှုမှ မခံစားရ...
ကျွန်တော့် တစ်ကိုယ်လုံးကို လုံနေအောင် ကာပေးထားသည့် Kinn ကြောင့်ပဲနေမှာ ...

1စက္ကန့်...2စက္ကန့်...3စက္ကန့်....
ကျွန်တော် အသက်တောင် မရှူရဲ...
ရင်ထဲမှာ အပေါ်ကလူ ဘာဖြစ်သွားပီလဲ ဆိုသည့် အကြောက်တရားက နှလုံးသားကို ညစ်ဆုပ်ထား၏...
သိပ်မကြာလိုက်ပါ... ပူပူနွေးနွေး အရည်တွေ အပေါ်ကလူဆီကနေ တဆင့် ကျွန်တော့်အပေါ် စီးကျလာသည်...

KinnPorsche (Myanmar Translation)Where stories live. Discover now