ဝေဝေနှင့်သူ့အဖေ

136 9 0
                                    

မြို့ပြတွေနဲ့ဝေးတဲ့ မွေးရပ်မြေက ဝေဝေ အတွက်တော့ အရင်နှစ်တွေကလိုပဲ အေးချမ်းနေဆဲ။ မြို့ပြမှာ အလုပ်တွေသာ ကုန်းရုန်းလုပ်နေပေမယ့် စိတ်တွေက အေးချမ်းရာနယ်မြေလေးမှာသာ။

တနေ့ မွေးရပ်မြေလေးကို အပြေးပြန်လာခဲ့တယ်။
မြို့ပြရဲ့ ဖိအားတွေကို ခံနေရတာ ပူလှောင်လွန်းတယ်လေ။ ကားလမ်းမ၊ဘေးမှာ တည်ရှိနေတဲ့ ကျေးရွာလေးက ခေတ်မှီသော ရွှာတော့မဟုတ်။ လမ်းတစ်လမ်းမှာ ရေအိုးစင်လေးတစ်ခုရှိတဲ့ ထိုရွာလေးက အရင်လို လမ်းကြမ်းကြီးတွေနဲ့ မဟုတ်တော့ဘဲ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးနဲ့ တစ်မျိုးတဖုံ ခေတ်မှီတယ်လို့ ဆိုရမလား။ အိုဟောင်းနေတဲ့ အိမ်အိုလေးတွေက မပြောင်းမလဲ အရင်အတိုင်း ရှိနေတုန်း။ လမ်းတစ်လျောက် အုန်းပင်၊ ကွမ်းပင်တွေ နေရာတိုင်းရှိပီး အရိပ်ရသစ်ပင်တွေဟာ အများအပြား။ ရှူသွင်းလိုက်တဲ့ လေတိုင်းများ လတ်ဆတ်တဲ့ သစ်တောရနံ့တွေ။ လမ်းကွင်းပေါင်းများစွာက စိမ်းစိမ်းစိုစို။ ခေတ်မှီထွန်စက်တွေကို မသုံးဘဲ ကျွဲ၊နွားတွေကိုသာ ယခုအချိန်ထိသုံးနေတုန်း။ ရွာလယ်က ဦးလေးကြီးရဲ့ " ဟဲ့နွား " ဆိုတဲ့ကြိမ်းမောင်းသံနဲ့အတူ "ကလင်ကလင်"မြည်နေသော နွားလှည်ပင်းက ခေါင်းလောင်းသံဟာ ညံညံစီစီ။

"ဝေဝေ လိုက်အုံးမလား"

ဆိုတဲ့ ဦးလေးကြီးရဲ့ အမေးကို ခေါင်းကိုအသာခါရင်း ငြင်းမိပြန်တော့

"ဟဲ့နွား" ဆိုတဲ့ ကြိမ်းမောင်းသံနဲ့တူ ကြိမ်ရိုက်သံ တရွမ်ရွမ်နဲ့ ပြေးထွက်သွားသော လှည်းယာဥ်လေး။

အသင့်စောင့်နေခြင်းမရှိသော အိမ်အိုလေးထဲ မေမေဟာ အလုပ်တွေ တကုပ်ကုပ်လုပ်နေတယ်။ ဖေဖေဟာ ဘယ်ဆီ ရောက်နေခဲ့လဲတော့မသိ။ အထုပ်တွေချပီး အိမ်ရှေ့အသာထွက်၊ လမ်းလျှောက်နေချိန် ဟိုအရင် တချိန်က ပေါ်တဲ့ နာမည်ကြီးဆိုင်ကယ် ဘော်စွီးလေးနဲ့ အဖေက ပြန်ရောက်လာခဲ့တယ်။ ဆိုင်ကယ်လေးဟာ အိမ်ရှေ့မှာထိုးရပ်လိုက်ပီး အဖေဟာ အိမ်ထဲဝင်သွားတယ်။ ခဏကြာတော့ ပိုက်ဆံလေး ၁ထောင် ကိုင်ကာ အဖေက ပြန်ထွက်လာခဲ့တယ်။ ကြည့်ရတာ အမေကအဖေ့ကို တစ်ခုခုဝယ်ခိုင်းလိုက်ပုံပါပဲ။

စာတိုKde žijí příběhy. Začni objevovat