ကျမ သူ့ကို သိပ်ချစ်တယ်

25 6 0
                                    

"ကျမ သူ့ကို သိပ်ချစ်တယ်"

လွှတ်ချသင့်ပီ မထင်ဘူးလား သူငယ်ချင်း

_ဟင့်အင်း ငါမလွှတ်ချ ချင်သေးဘူး

နင်က စျေးပေါ်လိုက်တာဟာ

_သူ့အတွက်ပါပဲ သူ့အတွက်ပဲလေ

နင်ကလေ ငတုံး အသုံးမကျတဲ့သူ

_ဟုတ်တယ် ငါက ငတုံး အသုံးမကျတဲ့သူ နင်မှန်ပါတယ်

နင်အရင်က ဒီလိုမဟုတ်ပါဘူးဟာ ဘာလို့ ကို့ဘာကို ပိတ်လှောင်ထားရတာလဲ

_နင်သိလား ငါခုလိုပိတ်လှောင်ထားတာတောင် သူက ဂရုမစိုက်ဘူး ငါအရင်က ဒီလိုမဟုတ်တာ ငါသိပါတယ် အရင်တုန်းက ငါက သိပ်တက်ကြွခဲ့တဲ့ မိန်းကလေးတစ်ယောက် ဘယ်နေရာမှာမဆို ကို့ဘာသာကိုယ် စီမံခန့်ခွဲနိင်တဲ့ ထက်မြက်တဲ့ ကောင်မလေးတ​စ်ယောက်လေ ငါတော်ခဲ့တယ်မလား

နင်ရူးနေပီလား ဘာလို့ ကို့ဘာသာကိုယ် ဒုက္ခရှာနေရတာလဲ သူကနင့်ကိုမချစ်ဘူး အရူးရဲ့

_ငါသိတယ် သူငါ့ကိုမချစ်ဘူး ဒါပေမယ့် ငါသူ့ကိုချစ်တယ်လေ ဘာများမှားလို့လဲ

သူနင့်ကိုရိုက်တယ်ဆို

_အင်း အများကြီးပဲ

ဘာလို့ငြိမ်ခံနေတာလဲ ပီးရင် ဘာလို့အဆက်အသွယ်ဖြတ်ပီး ထွက်ပြေးနေရတာလဲ

_ငြိမ်ခံနေတာမဟုတ်ပါဘူး ငါပြန်လုပ်လိုက်ရင် သူနာကျင်သွားမှာပေါ့ ငါကြောင့်သူ့မှာ အနာတရ မဖြစ်စေချင်ဘူး ပီးတော့ထွက်ပြေးတယ်ဆိုတာကလည်း သူပြန်လိုက်ရှာလို့လေ သူကလေ ငါထွက်ပြေးသွားတဲ့အခါတိုင်း ရူးမတတ်လိုက်ရှာနေတာသိလား ငါသိပ်သနားတာပဲ သူငါ့ကိုမချစ်တော့တာ မဟုတ်ပါဘူး သူငါ့ကိုချစ်နေသေးတယ်

ဘာလို့လဲ သူလိမ်နေတာသိသိရက်နဲ့ ဘာလို့လဲ ဟမ် သိနေရက်နဲ့ ဘာလို့လဲလို့

_ငါသိတာပေါ့ သူလိမ်နေတာ ငါကလည်း အဲလို လိမ်လည်မှုအပေါ်မှာပဲ ကြည်နူးနေတာလေ အဲအလိမ်အညာတွေကိုပဲ ငါက မြတ်နိုးနေတာ ဘာလို့လဲဆိုရင် သူမို့လို့ သူမို့လို့ပဲလေ သူကလေ ငါ့ကိုချစ်တယ်လို့စပြောခဲ့တာ နူးနူးညံ့ညံ့လေး သိလား ငါဆိုတဲ့ လူကလည်း ဆက်ချစ်နေဖို့ကို သစ္စာဆိုနေမိတယ် ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ ငါက နူးနူးညံ့ညံ့လေးအဖြစ် ခံယူထားတယ် ဘာလို့ဆို သူ့ကိုသိပ်ချစ်လို့

ချစ် ချစ် အဲမှာသေအောင်ချစ် နင်

-အင်း ငါသူ့ကိုသိပ်ချစ်တယ်

သူငယ်ချင်းမလေးက စိတ်ဆိုးပီး အိမ်ပြန်သွားတော့ ငါလည်း ထိုင်နေရာကနေထလိုက်ပီး ငါပိုင်ဆိုင်ရာ အခန်းငယ်ထဲဝင်လိုက်တယ် ငါမငိုတတ်တော့ဘူးသိလား အရင်ကလေ တစ်ခုခုဆို သူ့ရင်ခွင်ထဲ ဝင်ပီးအော်ငိုနေတတ်တာ သူကပြောဖူးတယ် ဝမ်းနည်းအားငယ်နေတဲ့ အချိန်တိုင်း သူရှိနေပေးပါ့မယ်တဲ့ လိမ်ညာခဲ့တာလား သူ့ရင်ထဲက အမှန်တရားလားတော့ငါမသိပေမယ့် ငါမသိပေမယ့်ပေါ့~

မနက်လင်းလာတာနဲ့ ငါက သူမျက်နှာလေးကြည့်ပီး နိုးထခွင့်ရှိတယ် ညအိပ်ရာဝင်တဲ့အခါ သူမသိအောင် သူ့နားလာအိပ်နေမိတယ် သူငါ့ကို ဂရုစိုက်ပါတယ် ပီးတော့ ချစ်လည်းချစ်သေးတယ် တစ်ခါတစ်လေပေါ့

သူမချစ်တော့ရင်တောင် ငါကတော့ ဆက်ချစ်နေအုန်းမှာပဲဘာလို့ဆို သိပ်ချစ်ခဲ့မိလို့လေ

ကျမ သူ့ကို သိပ်ချစ်လို့ပေါ့

ကျမသူ့ကိုချစ်တယ်

‌နင်ကအပေါ်စားသိပ်ဆန်တာပဲသူငယ်ချင်း

‌ဟုပ်ကဲ့ကျမအပေါ်စားသိပ်ကိုဆန်တာပေါ့
သူ့ကိုအရမ်းချစ်ခဲ့မိလို့လေ
ထပ်ပီးလည်းအပေါ်စားဆန်အုံးမာပါ
အရမ်းချစ်မိနေလို့နာကျင်နေလည်း
လွတ်မချရက်ဘူးလေ

‌သူ့ကိုလက်လွှတ်သင့်ပီနော်

‌ကြိုးစားချင်မိပါရဲ့
ဒါမဲ့သူ့ကိုချစ်နေမိတုန်းလေ
သူ့ရဲ့အပေါ်စားအချစ်တွေနဲ့
အလွယ်တကူပေးတဲ့ကတိစကားတွေက
ခုချိန်ထိနားထောင်လို့ကောင်းနေတာမလို့
မလွှတ်ချချင်သေးဘူး

‌ဘာလို့ပြဿနာတက်တိုင်းအဝေးထွက်ပြေးနေရတာလဲ

‌ကျမထွက်ပြေးတဲ့အချိန်တိုင်း
သူ့စိတ်ထဲကနေလိုလိုလားလားနဲ့
ထွေးပွေ့ပေးမလားလိူ့ပါ
ဒါမဲ့ကျမအတွေးနဲ့လက်တွေ့က
တခြားစီရယ် နာကျင်ရပေမဲ့
ကျမပျော်ရွှင်ခဲ့ပါတယ်
အချိန်တန်တော့လည်း
သူရှာတာပဲလေ
ကျမ မရှိရင်
သူမနေနိင်ဘူးထင်ပါရဲ့
ကျမပျော်ပါတယ်
ဘယ်လိုပဲ့ နာကျင်ရ နာကျင်ရ
သူကျမကိုဘယ်လောက်ပဲ
နာကျင်အောင်လုပ်နေပါစေ
ကျမကျေနပ်ပါတယ်
ဘာလို့ဆို
ကျမသူ့ကိုချစ်တယ်လေ

‌ကျမသူ့ကိုချစ်တယ်

january 26
#Khat

စာတိုWhere stories live. Discover now