ခများရဲ့လူဆိုးလေးပဲ ဖြစ်ချင်တာ

37 5 1
                                    

*-* ခများရဲ့ လူဆိုးလေးပဲ ဖြစ်ချင်တာ  *-*

***တနေ့ပေါ့
မင်းသဘောကျတဲ့ တောင်ပေါ်မြို့လေးမှာ
ကိုယ်ရယ် မင်းရယ်
မင်းအနားဆို သိပ်ကပ်လွန်းတဲ့ မင်းခလေးတွေရယ်
ပီးတော့...........
ကိုယ်တို့ရဲ့အိပ်မက်လေးတွေရယ်
ပုံဖော်ရင်း............***

ဆယ်စုနှစ် တစ်ခုကြာပီးတဲ့နောက်မှာ ရိုးရှင်းတဲ့ ထိုကဗျာလေးသာ အသက်ဝင်လာခဲ့မည်ဆိုလျှင်----

မင်းဆိုတဲ့ လူသားက
ကိုယ့်ဘေးမှာ ထာဝရဆိုတဲ့ ချည်နှောင်စရာ စကားလုံးလှလှလေးနဲ့ တည်ရှိနေလိမ့်မည်။
ကိုယ်ကလည်း မင်းရဲ့ လူဆိုကောင်လေးအဖြစ် ကပ်တွယ်နေမယ်

မျှော်လင့်ခဲ့တဲ့ အိပ်မက်လှလှလေးတွေဟာ အဘယ်ကြောင့်များ သိပ်ခက်ခဲနေရပါသလဲ?။

အကြောင်းအမျိုးမျိုးကြောင့် မျှော်လင့်ချက်လေးတွေဟာ မပြည့်နိုင်သေးပါ။

တနေ့ပေါ့
တနေ့တော့ ပြည့်မှာပါ ခများရယ်

လက်ရှိ ပစ္စုပ္ပန်မှာ မသေချာပေမယ့် ကျတော် မျှော်လင့်တယ် ပြည့်လာမှာ။
တကယ်လို့များ လွှဲချော်ခဲ့ရင် ကျတော် ပြန်လုယူရမည်လော။
အချိန်ခဏတော့ ကျတော် ဒူးထောက်အရှုံးပေးရအုံးမည် ထင်ပါရဲ့။

တကယ်လို့များ
ဆယ်စုနှစ်တစ်ခုကို ကျော်ပီး စိတ်ကူးယှဥ်ရရင် ကျတော် ရူးတယ်လို့ ခများထင်နေမလားနော်။

မကျေနပ်တိုင်း စိတ်အလိုမကျတိုင်း ခများလို့ခေါ်တဲ့ နာမ်စားကို ခများမကြိုက်ဘူးဆိုတာသိရတော့ ကျတော် ခများကို အရင်လို နာမည်တွေ မခေါ်ချင်တော့ဘူး။
ခများကို ခများကြီးလို့ပဲ ခေါ်ချင်တာလေ။

တကယ်လို့များ
ရိုးရှင်းတဲ့ ကဗျာလေးက လက်တွေ့ဖြစ်လာခဲ့ရင်..............

တောင်ပေါ် မြို့လေးတစ်မြို့က ခြံသေးသေးလေးထဲ အိမ်ကလေးတစ်လုံးရယ် အပင်တစ်ချို့ရယ် ပီးတော့ ခများရဲ့ စွာကျယ်ကျယ်အသံလေးရယ်
ဒီလောက်ဆို ကျတော့်ဘဝက ပြည့်စုံပီ ထင်ပါရဲ့။

စာတိုWhere stories live. Discover now