အိမ်ပြန်လမ်းက အတွေးများ

78 10 2
                                    

အိမ်ပြန်လမ်းက အတွေးများ

ညဖက်အိမ်ပြန်လမ်းတွေက အရင်က ရီသံတွေနဲ့
ဆူညံခဲ့သလောက် ခုများကျတော့
တိတ်ဆိတ်သွားလိုက်တာများ အပ်ကျသံပါကျရလို့

ရောင်စုံမီးတန်းတွေအောက်မှာ ပြေးလွားရင်းနဲ့
အလုပ်အိတ်ကလေး ကူသယ်ပေးတတ်သူဟာ
ခုများတော့ ဘယ်ဆီဘယ်ဝယ်များ ရောက်နေခဲ့လေမသိ

အိမ်ပြန်ချိန်တွေ နောက်ကျခဲ့ရင်
ဆူဆူညံညံ ဆူပူတတ်သူလေးက ရေတိုက်ဖို့တော့ မမေ့ခဲ့သလို အမောပြေစေဖို့ အနမ်းခြွေဖို့လည်း မမေ့ခဲ့သူလေး

ညဖက်တွေမှာ ခလေးငယ်တွေလို ဂျီကျတတ်သူလေးက ခုများတော့ ဘယ်သူ့ဆီမှာများ
ချစ်စရာကောင်းအောင် ချွဲပီးဂျီကျနေခဲ့မလဲ

_-_မောင့်အတွေး_-_

တွေးပူမိနေပြန်ပါပီ
မောင်ဟာလေ မောင့်အသဲလေးရဲ့ နှုတ်ခမ်းစူစူ ပါးဖောင်းဖောင်းလေးကိုသာ မက်မောခဲ့ရသူပါ
အတ္တတွေလည်း မထားရဲခဲ့ဘူး တင်းလွန်းတဲ့ ကြိုးဟာ ပြတ်တတ်တယ်လို့ဆိုတော့ မောင် ကြိုးတွေနဲ့တင်းအောင် မချည်ရဲခဲ့ပြန်ဘူး လျှော့ရဲရဲလေး ချည်ခဲ့တဲ့ကြိုးက အရမ်းလျှော့ရဲသွားခဲ့လို့များလား မောင့်အသဲလေးကို ရှုံးဆုံးသွားရတယ် မောင်ပေါ့ပြက်ပြက် နိုင်ခဲ့လို့များလား

အမြန်လာပါ ငါကြောက်လို့ပါ ဆိုတဲ့စကားကို လုပ်လက်စအလုပ်တွေတောင် ဆက်မလုပ်နိုင်လောက်တဲ့အထိ မောင် ကြောက်ပီး ပြေးလာခဲ့ရသူပါ မောင့်အသဲရဲ့ကြောက်တယ်ဆိုတဲ့ စကားကို မောင်ကအဆတရာလောက် ပိုကြောက်ခဲ့ရသူပါ

ဘယ်လောက်ပဲ ပင်ပန်းလာပါစေ မောင် မောနေပီလား ဆိုတဲ့စကားမှာ ပင်ပန်းနွမ်းနယ်မှုတွေက အကုန်ပျောက်လို့ ကြက်ပျောက်ငှက်ပျောက်ပဲ

မောင်ဟာလေ ဆိုတဲ့ငြူစူစူ စကားသံကို မောင်ဟာအထူးတလည် နားထောင်ချင်ခဲ့သူပါ
မောင် ငါမကြိုက်ဘူးနော် လို့ပြောရင်ကို မောင်ဟာလိမ္မာချင်ခဲ့သူပါ သွေးဆိုးတိုင်း သောင်းကြမ်းတတ်တဲ့ မောင်က မောင့်အသဲကိုတော့ ဒဏ်ရာတစ်စုံတရာတောင် မပေးရဲခဲ့ဘူး အရှုံးတွေ လက်မခံနိုင်တဲ့မောင်က မောင့်အသဲအတွက်ဆို ဒူးထောက်ရဲခဲ့သူ မောင်ဟာ လူကြမ်းကြီးပါဆိုတဲ့ဂုဏ်ပုဒ်ကြီးကို ကိုင်ဆောင်ထားခဲ့ပေမယ့် မောင့်အသဲရှေ့မှာဆို တက်တူးကြီးနဲ့လည်း စိတ်ဆိုးတတ်တယ်ဆိုပီး ချွဲနေခဲ့သူပါ မောင်အရမ်းဆိုးခဲ့လို့များ ထားရက်ခဲ့တာလား သေချာပါတယ် မောင်အရမ်းကိုဆိုးခဲ့တာ မှားယွင်းပီးတော့အချစ်လို့ခံယူခဲ့တာတွေက မောင့်အသဲအတွက် စိတ်ရှုပ်စရာများ ဖြစ်နေခဲ့တာလား

#မောင့်အပြစ်တွေပါပဲ #အရမ်းချစ်ပြခဲ့မိလို့များလား #မောင့်အချစ်တွေ_မလုံလောက်ခဲ့ပြန်ဘူး_ထင်ပါတယ်

#Khat

စာတိုWhere stories live. Discover now