*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁

6K 1K 47
                                    

"ဝိုး... တစ်ကယ်ကြီး တိမ်ဝိညာဥ်ကျောက်တုံးတွေဟ.. အများကြီးဘဲ ဟီးဟီး... ရှောင်ယိက အရမ်းတော်တာဘဲ.. သူ ဒီတစ်ခေါက် မမျှော်လင့်ဘဲ ဒီလောက်အများကြီးရှာနိုင်ခဲ့တာဘဲ"
ဆည်းဆာနေရောင်က ပြင်သစ်စတိုင်ပြတင်းပေါက်ကနေတဆင့် ဆိုဖာခုံကြီးပေါ်ထိုင်နေတဲ့ ကြော့ရှင်းလှပတဲ့ လူငယ်လေးအပေါ် ဖြာကျနေ၏။ ထိုသူကတော့ ရုန်ယိရဲ့ ဒုတိယအစ်ကို ရုန်ချီပင်။

သူက အလင်းရောင်မှိန်မှိန်လေးထွက်နေတဲ့ တိမ်ဝိညာဥ်ကျောက်တုံး တစ်တုံးယူကာ စစ်ဆေးကြည့်လိုက်ပြီး ပန်းကန်ပြားထဲ သစ်သီးတွေစီထည့်နေတဲ့ သတ်လတ်ပိုင်းလူကြီးကို မေးလိုက်သည်။
"ဦးလေးကျူ ဒီကျောက်တုံးတွေက အစစ်ဟုတ်လား မဟုတ်လား လာကြည့်ပါဦး"

အိမ်တော်ထိန်းကြီးက လှမ်းယူကာ ဂရုတစိုက်စစ်ဆေးကြည့်လိုက်ပြီး
"သခင်လေးချီ.. ဒါက တစ်ကယ့်တိမ်ဝိညာဥ်ကျောက်တုံးတွေပါ"

ရုန်ချီ သူ့မေးသူထိရင်း သူ့ဘာသာသူပြန်ပြောလိုက်သည်။
"ဒါဆို ကျွန်တော်အခုလေးတင် မြင်ခဲ့ရတာတွေကလည်း အစစ်အမှန်ကြီးပေါ့.. ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်း ရှောင်ယိဆီမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားခဲ့တာ ယုံတောင်မယုံနိုင်ဘူး.. အစ်ကိုကြီး ဘယ်အချိန်ပြန်ရောက်လာမလဲမသိဘူး.. ကျွန်တော်စိုးရိမ်တာက ကျွန်တော်သာ အဲ့အကြောင်းပြောလိုက်ရင် စွန့်ပစ်ခံလိုက်ရလို့ စိတ်လွတ်သွားပြီလို့ ထင်သွားမှာကိုဘဲ.. အော် ဟုတ်သား.. ကျွန်တော် အချစ်ရေးကြောင့် ဝမ်းနည်းနေသေးတုန်းနော်"

ဒါပေမဲ့ ရုန်ယိယူဆောင်လာပေးတဲ့ ထိတ်လန့်အံ့သြစရာတွေက စွန့်ပစ်ခံရလို့ဝမ်းနည်းနေတာတွေကို သူ့ဆီက ဖယ်ရှားပေးလိုက်တာကြောင့် အခု သိပ်ပြီးဝမ်းနည်းမနေတော့။

အိမ်တော်ထိန်းကြီးက ရုန်ချီတစ်ယောက် သူ့ကိုယ်သူတတွတ်တွတ် ရေရွတ်ပြောဆိုနေတာမျိုးကို ကျင့်သားရနေပြီဖြစ်တာကြောင့် သူ့လက်ထဲက ကျောက်လေးကိုပြန်ချကာ သူ့အလုပ်သူဆက်လုပ်နေတော့သည်။

"အား!.."
ရုန်ချီ ရုတ်တရက်ကြီး ထအော်လာပြန်သည်။
"ငါ့မိတ်ကပ်အိတ်! ငါ့အကြိုက်ဆုံးမိတ်ကပ်ပစ္စည်းအိတ်လေး! ရှောင်ယိ မင်း အခုချက်ချင်း အဲ့တာကို ပြန်ပေးရင်ကောင်းမယ်နော် အဲ့တာ ငါ့အကြိုက်ဆုံး တံဆိပ်ကွ.. ငါ့မှာ အဲ့တာဝယ်ဖို့ တစ်နေ့လုံးတန်းစီထားရတာ.. ရှောင်ယိ ထွက်လာစမ်း!"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now