အခန်း (၃၉)

246 24 4
                                    


အချစ်ဟူသည် “လိုက်လေ ပြေးလေ” ဆိုသည်မှာ ငြင်းဖွယ်မရှိ။

တစ်ခုနွေရာသီကျောင်းပိတ်ရက်က ပေါ့ပါးပျော်ရွှင်သော ကလေးငယ်သည် တစ်စုံတစ်ရာသော အတိတ်တို့ကိုယူဆောင်လာခဲ့ပြီးသကာလ မေ့လျော့နေ‌သူမောင်၏ ရင်ဘတ်စည်ကို တီးခတ်ခဲ့ဖူးသည်။

နှစ်များကြာကြာ ရှာဖွေခဲ့သော အတိတ်တို့က  ပိတ်ကားထပ်က ပြရုပ်တွေလို ထင်းလင်းလာခိုက် ထိုကလေးငယ် ပြန်လာမယ့် နေ့ရက်တိုင်းကိုမျှော်လင့်နေခဲ့ဖူးသည်။

တစ်နွေလည်းကုန်
‌တစ်မိုးလည်းပြီး
တစ်ဆောင်းလည်းကူး သောအခါများသည် မည်မှလောက်ကြာသွားခဲ့လဲမသိ။ အိမ်က ပြက္ခတိန်တစ်ချို့တော့ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်ကိုသတိထားမိ၏။

တစ်ရံသော်.....
ဆောင်းတွင်း၏အအေးဓာတ်တွေကို ဖြိုခွင်းနိုင်စွမ်းရှိတဲ့ မေတ္တာဓာတ်တို့သည် ဒီနှစ်၌ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့သည်။

သို့သော်ငြား ယင်းကလေးငယ်သည် လူလုံးပေါက်လာသည်နှင့်အညီ ကလေးတွေးတို့နှင့်အတူ တစ်ချို့သောအတိတ်တို့ လက်ဆုပ်ကိုင်ထားခြင်းမရှိတော့ပေ။

ထိုအတိတ်များတွင် သူ၏ မက်မောလှစွာသော တန်ဘိုးထားရာ အမှတ်တရများ အပါအဝင်ဖြစ်ရာ အနှီလူကြီးလေးကတော့ သူ့အား ထပ်မံမေ့လျော့သွားနေသည်ကို ရင်နင့်ဖွယ် သိရှိလိုက်ရပြန်သည်။

ထို့ကြောင့် အချစ်ဟူသည်

“လိုက်လျှင် ပြေးတတ်သော သဘာဝ ရှိသည်။”

-------------------------

မနက်ကတည်းက ခေါင်းတွေမူးရီနေပြီး တစ်ချက်တစ်ချက် ကိုက်ခဲနေသည်ကိုခံစားမိတာမို့ ဆေးကြိုသောက်ထားလိုက်ရသည်။ တော်ကြာ ကောင်လေးငယ်ကို ဂရုစိုက်ရမည့်အရေးမှာ မရနိုင်ပဲရှိလိမ့်တော့မည်။

သူ စောစောနှိုးနေတာကြောင့် အိပ်နေတဲ့ Win ရဲ့နဖူးနဲ့လည်ပင်းတွေကိုစမ်းကြည့်လိုက်သည်။ ထိုအခါ အပူလျော့နေတာကြောင့် စိတ်သက်သာရာ ရသွားတာမို့ အချိန်ရှိခိုက် လမ်းထောင့်က မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးသွားဝယ်ဦးမည်ပင်။ ဒီကောင်လေးနိုးလာရင် မန္တလေးမြို့ရဲ့ မုန့်ဟင်းခါးစစ်စစ်ကို မြည်းစမ်းစေချင်သည့်စေတနာပင်ဖြစ်သည်။

When The Time Passed (Completed)Where stories live. Discover now