အခန်း (၁၅)

815 96 84
                                    

-------------
"(၅:၄၀)"
------------

နေ့ခင်းဆည်းဆာကြောင့် Win ရဲ့မျက်နှာဟာ
နီဝါ ရောင်ဟပ်နေ၏။ အပြောင်အပျက်ရဲ့နောက်ကွယ်
မှာ သူ့ကိုကြင်နာစွာစိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံ
ရှိတယ်။

"ဖြေလေ...ဦးလေး..."

အဖြေလား?....
သူမေးခွန်းမေးပြီးကတည်းက ကျွန်တော့်မှာရှိပြီးသား။
Bright အတွက် သည်လိုမေးခွန်းမျိုးကဖြေရတာမခက်
ရှာပါလိမ့်။ပြောထွက်ရန်သာ ခက်၏။

အကြပ်ရိုက်ခြင်းများစွာနဲ့ Bright ကို  Win ကခပ်စောင်း စောင်းကြည့်လာပြီး ပြုံးပြလာ၏။

"ပြောရမှာခက်နေတာလား?.."

Bright ၏ရင်ထဲရှိ နှလုံးလေးသည် အားပြင်းပြင်း ခုန်
ပေါက်သွားသည့်နှယ် သူငယ်အိမ်တွေပါ ကျယ်လာ၏။
အဖြစ်အပျက် ကလုပ်ကြံဖန်တီးထားခြင်းမဟုတ်တာမို့
Bright ကိုယ်တိုင်တောင် ဘယ်လိုဖြစ်သွားမှန်းမသိခဲ့
ပါလေ။ ဒီကောင်လေးက ကျွန်တော့်ကိုအတွင်းကျကျ
သိနေခဲ့ပြီးပြီလား။

"အင်း..."

"အင်း?....ဘာကိုအင်း?.."

"Win... "

"အင်?...ဘာကြီး"

Win ရဲ့နောက်ပြောင်မှုတွေကြောင့် Bright မျက်ခုံးမွှေး
တွေကိုကြုံ့မိ၏။သူဆိုလိုတာကို သိပါလျှက် တမင်တကာ နောက်ပြောင်နေ၏။

"အင်း..ပါ...ဟုတ်ပါပြီ..ဟုတ်ပါပြီ...ကျွန်တော်ကိုပဲ
ရွေးတယ်ပဲထားပါတော့...အဲ့လိုခံယူလိုက်မယ်နော်.."

ခေါင်းကိုခပ်ငြိမ့်ငြိမ့်လုပ်ပြီး ကိုယ်ကလည်း လူကိုလာ
ဖက်တွယ်သေး၏။
ခပ်နွေးနွေးရင်ဘတ်လေးက ရင်ခွင်ထဲတိုးလာရင်း
မှေးစေ့ကလည်း အငြိမ်မနေပဲ ပွတ်သတ်နေသေး၏။

ဒေါက် ဒေါက်!.

တံခါးဖွင့်ထားပါလျှက် အသိပေးသည့်သဘောဖြင့်
ဝန်စိုင်း ကခေါက်လိုက်၏။
ဒါကိုမြင်တဲ့ Bright ကဘာမှထိတ်လန့်ပြမနေ။
Win လည်းထိုနည်းလည်းကောင်းပေ။
အကြောင်းအရင်းကားရိုးရှင်းပါ၏။
Bright ကတော်တော်နဲ့တုန်လှုပ်မှုမရှိသလို
Win ကလည်းသူတို့အကြောင်းကို ဝန်စိုင်းသိပြီးဖြစ်သောကြောင့်ဟုခံယူထားသောကြောင့်ဖြစ်၏။

When The Time Passed (Completed)Where stories live. Discover now