"လွတ် (သို့) ကျွန်"
-----------------------"စာရောက်တယ်ဗျို့.."
Win အိမ်ရောက်သည်မှာ (၅)ရက်မြောက်သော
နေ့တွင်ဖြစ်၏။ဒီနေ့ကား အစီအစဉ်အတိုင်း
Win အတွက်လိုရမယ်ရဖြစ်သော
ဖျာလိပ် ကျောက်သင်ပုန်း ကျောက်တံစသည့်
အပြင် အင်္ဂလိပ်အစိုးရထံမှ ကျောင်းသုံးစာရွက်
အချို့ကိုပါ လှည့်ပတ်ဝယ်ယူရန်ဖြစ်၏။ထိုမတိုင်မှီ မနက်ခင်း (၁၀)နာရီ၌ ခြံရှေ့မှ
စာပို့သမားတစ်ယောက်သည် အိမ်အတွင်းကို
ကြည့်လျှက် လူကိုအော်ခေါ်နေသဖြင့် Win
လည်း အပြင်သို့အလျင်အမြန်ထွက်ကာ
ထိုလူပေးသောစာကိုလက်ခံလိုက်၏။
Bright ကလည်းအပေါ်ထပ်တွင်ဖြစ်ပြီး
ဒေါ်လေးက တော့ဈေးသွားနေသောကြောင့်
ဖြစ်၏။စာမှာနှစ်စောင်ဖြစ်ပြီး တစ်စောင်မှာ
မိခင်ထံမှဖြစ်ပြီး တစ်စောင်မှာတော့ အမည်မသိ
အမျိုးသမီးတစ်ဦးထံမှဖြစ်၏။"ဒီမှာဗျ....ဒီတစ်ခုက ဘယ်သူဆီသို့ဟူ၍
ပေးခဲ့တာလဲဗျ။""အနောက်မှာ ရေးထားတယ်လေဗျာ.."
စာပို့သူကစိတ်မရှည်ဟန် ဖြင့်ပြောလာတော့
Win လည်းကြာကြာပြောမကောင်းတာမို့
အခွန်အခကိုပေးကာ အိမ်အတွင်းသို့စာကို
ပိုက်လို့ဝင်လာ၏။စားပွဲပေါ်သို့မိမိနှင့်မဆိုင်သောစာကိုချကာ
မိခင်ပေးသောစာကိုကောက်ဖွင့်ဖတ်လိုက်၏။စာထဲတွင်......
သို့/သားငယ်
ရန်ကူးမှာတက္ကသိုလ်တွေစဖွင့်နေပြီဖြစ်တာမို့
နောက်တစ်ပတ်မတိုင်မှီအမှီကျောင်းတက်ပါ။
အိမ်အခွန်ကိစ္စကိုမေမေလာမှပဲကြည့်ကြပ်ရှင်းမှာမို့ညီမလေးထွေးလင်္ကာတို့အိမ်မှာပဲနားနေပါဦး။မေမေတို့တွေးတောထားတာထက်ပို
နောက်ကျမယ်။မြန်မာမှာပြည်တွင်းအခြေအနေသိပ်မတည်ငြိမ်သေးလို့ကွယ်။မှ/မေမေ
Jan 1.1936.
ယနေ့ကား Jan(၅)ရက်ဖြစ်၏။
စာပို့နောက်ကျသည်လည်းပါလိမ့်မည်။Win လည်းစာရွက်ကိုစာအိတ်ထဲပြန်ထည့်ပြီး
နောက်လည်ပင်းကိုပွတ်ကာတွေးတောနေမိပြန်
သည်။
YOU ARE READING
When The Time Passed (Completed)