*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂

6K 1.1K 64
                                    

ရုန်ယိမှာ ရင်းနှီးနေတဲ့ ခြေသံကြောင့် အမြန်မတ်တပ်ထရပ်လိုက်မိသည်။

"အစ်ကိုကြီး ပြန်လာပြီလား"
ရုန်ချီက တံခါးဝကိုပြေးသွားပြီး ရုန်ယိနဲ့ ရုပ်ချင်းဆင်ပေမဲ့ ပိုတည်ငြိမ်ရင့်ကျက်ဟန်ရှိတဲ့ အမျိုးသားရဲ့ လက်မောင်းကို ဆွဲဖက်လိုက်သည်။

ရုန်ကျင်းက သူ့ရဲ့ပုံမှန် တည်ငြိမ်တဲ့အသံနဲ့ဘဲ မေးလာ၏။
"ဦးလေးကျူပြောတာတော့ မင်း ထပ်ပြီး စွန့်ပစ်ခံလိုက်ရပြန်ပြီဆို"

ရုန်ချီက ရှက်ရွံ့စွာပြုံးလိုက်ပြီး
"နောက်တစ်ကြိမ်ကျရင် ပိုကောင်းတဲ့တစ်ယောက်ရအောင်ရှာပါ့မယ်.. ကျွန်တော်ကတိပေးတယ်"

"နောက်တစ်ကြိမ်ကျရင် သေသေချာချာအကဲဖြတ်"
ရုန်ကျင်း သူ့ဒုတိယညီရဲ့ အချစ်ရေးကိစ္စတွေကို ဝင်မစွက်ဖက်ချင်တာကြောင့် ဧည့်ခန်းထဲမှာ ရပ်နေဆဲဖြစ်တဲ့ ရုန်ယိဆီလှည့်ကြည့်လိုက်တဲ့အခါ အတန်ငယ်အံ့အားသင့်သွားရသည်။
"ရှောင်ယိ.."

"အစ်ကိုကြီး"
ရုန်ယိ သူ့ရဲ့ယုံကြည်အားကိုးရတဲ့ အစ်ကိုကြီးကို တွေ့လိုက်ရတဲ့အခါ စိတ်လှုပ်ရှားမှုအလုံးလိုက်အရင်းလိုက် ဖြစ်ပေါ်လာပြီး ရုန်ချီလုပ်သလို ပြေးဖက်လိုက်ချင်သည်။ ဒီလိုဆို သူ့စိတ်လည်း အတော်လေးသက်သာရာရသွားပေလိမ့်မည်။ သူ့ရင်ထဲမှာတော့ သူ့အစ်ကိုက အရာရာစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ပင်။ သူမလုပ်နိုင်သောအရာဆိုတာ ဘာဆိုဘာမှမရှိ။

ရုန်ကျင်း သူ့ရှေ့ကိုလျှောက်လာ၏။ သူ့ရဲ့ စူးရှထက်မြက်တဲ့ မျက်ဝန်းအကြည့်တွေက ရုန်ယိရဲ့ ဆံပင်ရှည်တွေ ၊ ရှေးခေတ်အဝတ်အစားတွေပေါ် စုန်ဆန်ကြည့်လာသည်။
"ဝိညာဥ်ကူးပြောင်းသွားခဲ့တာလား"

ရုန်ယိ သွက်လက်စွာပင် ခေါင်းငြိမ့်ပြလိုက်သည်။

ရုန်ချီမှာတော့ အံ့သြသွားရလေသည်။
"အစ်ကိုကြီး.. သူကူးပြောင်းသွားမှန်း ဘယ်လိုလုပ်သိလဲ"

အချိန်မဖြုန်းချင်တာကြောင့် သူ ရုန်ကျင်းကိုဖုန်းဆက်တဲ့အချိန်မှာ အရေးတကြီးကိစ္စပြောစရာရှိလို့ အမြန်ပြန်လာရန်သာပြောခဲ့ကာ ရုန်ယိ ကူးပြောင်းသွားတဲ့အကြောင်း တစ်ခွန်းမှမဟခဲ့။ ဒါကို သူက ခန့်မှန်းလိုက်နိုင်တယ်ပေါ့လေ!.။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now