*196* သုံးနှစ်ကြာပြီးနောက်

6.3K 1.1K 52
                                    

ရုန်ကျင်းရဲ့ လက်ထောက်ဖြစ်သူက အရည်အချင်းရှိသူဖြစ်ကာ ရုန်ယိလိုချင်တဲ့ပစ္စည်းတွေကို နာရီဝက်အတွင်း ရအောင်လုပ်ပေးလေသည်။ မီတာ တစ်သောင်းလောက်ကျယ်တဲ့ သိုလှောင်လက်စွပ်မှာ ပြွတ်သိပ်နေကာ အပန်းဖြေကစားကွင်းက စက်ကြီးတွေသာ ကျန်တော့မည်။

ဒီမှာရှိနေတုန်း ရုန်ယိ သူ့အစ်ကိုကြီးနဲ့အတူ လေလွင့်မသေမျိုးအဆင့် ၊ မြေကမ္ဘာတစ္ဆေနဲ့ တစ်ခြား စွမ်းအားကြီးကျင့်ကြံသူတွေအကြောင်း အချက်အလက်တွေ လိုက်ရှာဖွေစုဆောင်းနေ၏။

တစ်နာရီနီးပါးကြာတဲ့အခါ သူ့မှာ ဂနာမငြိမ်နိုင်တော့ဘဲ ဖင်တကြွကြွဖြစ်ကာ သူပြန်ရောက်သွားတဲ့အချိန် နှစ်ချီကြာသွားပြီးဖြစ်မှာကို စိုးရိမ်နေမိသည်။

"ရှောင်ယိ"
ရုန်ချီ ရုတ်တရက် သူ့ကိုခေါ်လာသည်။

ရုန်ယိနဲ့ရုန်ကျင်း သူ့ကိုလှမ်းကြည့်လိုက်ကြသည်။
"ဘာလို့လဲ"

ရုန်ချီက ရုန်ယိကိုယ်ကို စိုးရိမ်တကြီးလက်ညှိုးထိုးပြရင်း အော်ပြောလာသည်။
"မင်းခန္ဓာကိုယ် ဖောက်မြင်နေရပြီ"

ရုန်ယိ သူ့ကိုယ်သူငုံ့ကြည့်လိုက်တဲ့အခါ ထိုင်နေတဲ့ဆိုဖာကို သူ့ကိုယ်ကနေတဆင့် ဖောက်မြင်နေရလေသည်။
"ဒါက...."

ရုန်ကျင်းက ဆိုလာသည်။
"ကြည့်ရတာ မင်းပြန်ကူးပြောင်းသွားတော့မဲ့ပုံဘဲ.. ကျောက်စိမ်းပြားနဲ့ အဲ့တာကို ပေးခဲ့တဲ့သူကို တွေ့အောင်ရှာ.. ဒါဆို မင်း ပြန်လာရမဲ့လမ်းကို ရှာတွေ့ဖို့လည်း ဖြစ်နိုင်တယ်"

ရုန်ယိ ပျော်မြူးစွာ ခေါင်းငြိမ့်လိုက်သည်။

ရုန်ချီက သူ့သိုလှောင်လက်စွပ်ထဲက ဓာတ်ပုံအယ်ဘမ်တွေထုတ်ယူကာ ရုန်ယိလက်ထဲ ထိုးထည့်ပေးလိုက်သည်။
"အခွင့်အရေးရှိရင် မင်းကျင့်ကြံဖော်နဲ့ ငါတို့ကိုမိတ်ဆက်ပေးထားလိုက်"

"ကောင်းပြီ"
ရုန်ယိ အယ်ဘမ်တွေကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

ရုန်ကျင်းက ရုန်ယိပုခုံးကို ပုတ်ပေးလိုက်ပြီး
"ကိုယ့်ဘာသာဂရုစိုက်.. ဘာကိုမှ အလျှင်စလိုမလုပ်နဲ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now