*198* ငဖားကောင်လေး

13.8K 1.3K 131
                                    

ရုန်ယိ ရှီးကျင်းနယ်မြေ တိုက်မြို့ကိုရောက်တဲ့အခါ ဒုတိယနေ့မနက်ခင်းတောင် ရောက်နေလေပြီ။ လွီ့အိမ်တော်တည်နေရာကို စုံစမ်းပြီးတာနဲ့ ချက်ချင်းဘဲ ယင်ကျင်းရဲ့တို့ကိုရှာနိုင်ရန် သူထိုနေရာကိုသွားလိုက်သည်။

သို့သော်လည်း တံခါးစောင့်က ပြောလာ၏။
"ဒီနေ့က မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲနေ့မလို့ အကြီးအကဲရှန်းက ပွဲကို ဦးဆောင်ပေးဖို့သွားတယ်.. ခင်ဗျား သူ့ကို အဲ့မှာ သွားရှာလို့ရပါတယ်"

ရုန်ယိ သူ့မှာ တစ်ကယ့်အချိန်မှားကြီးကိုမှရောက်လာတာကြောင့် အတော်ကံဆိုးတာဘဲလို့ ခံစားနေရသည်။
"အခမ်းအနားကျင်းပတာက ဘယ်နေရာမှာလဲ"

"မြို့အရှေ့ဖက်မှာပါ"
အစောင့်က လမ်းမကြီးကိုညွှန်ပြကာ
"ဒီလမ်းအတိုင်းသာ တည့်တည့်သွားပါ.. ခင်ဗျား တွေ့ပါလိမ့်မယ်"

ရုန်ယိ သူ့ကိုယ်သူ အချိန်အခါမသင့်ရောက်လာရတယ်လို့ စိတ်ထဲပြောနေမိပေမယ့်လည်း ထိုနှစ်က ရှန်းလွီ့ ထွက်သွားတာကလည်း ဒီ မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲကြောင့်ဆိုတာ သတိရသွားတဲ့အခါ ဒါအရမ်း တိုက်ဆိုင်လွန်းတယ်ဆိုတာ သိလိုက်ရသည်။ အခု သုံးနှစ်ကြာလို့ သူပြန်ကူးပြောင်းလာတဲ့အခါမှာတော့ နှစ်ပတ်လည် မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲကို သူကိုယ်တိုင် သွားရောက်နေရလေပြီ။

ပွဲစတော့မှာဖြစ်တာကြောင့် လူတွေက ကြည့်ရှုဖို့ရန် ထိုနေရာကို အပြေးအလွှားသွားရောက်နေကြသည်။ မြို့ရဲ့ အနောက် တောင်နဲ့ မြောက်ဘက်က လမ်းမကြီးတွေမှာ တိတ်ဆိတ်နေကာ ဆိုင်တွေလည်း ပိတ်ထားကြပြီး လူတစ်ယောက်စ နှစ်ယောက်စသာ လမ်းလျှောက်နေကြလေသည်။

မြို့ရဲ့အရှေ့ဘက်မှာတော့ မတူညီပေ။ အားလပ်ရက်ပွဲတော်ကြီး ကျင်းပနေသလိုမျိုး လူတွေကြိတ်ကြိတ်တိုးစည်ကားနေကြ၏။ လူတွေလည်း ရယ်မောကာ စကားပြောဆိုနေကြသည်။ လုံးဝကို သက်ဝင်လှုပ်ရှားလွန်းလှသည်။

ရုန်ယိ ပြိုင်ပွဲကွင်းပြင်ရဲ့ ဂိတ်ဝကိုရောက်တဲ့အခါ တံခါးကြီးက ပိတ်နေပြီဖြစ်တာကြောင့် အနီးနားက စျေးသည်ကိုမေးကြည့်လိုက်သည်။
"ဆိုင်ရှင်... မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲက စနေပြီလား"

🎉 You've finished reading ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်] 🎉
ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now