သူ့ဘေးမှာ ဆတ်ခနဲ ဝင်ထိုင်တဲ့ ကင်မ်ထယ်ယောင်းသည် ပင်ပန်းနေပေမဲ့ စိတ်ညစ်နေသည့်ပုံတော့မပေါက်။ညကြီးမင်းကြီး တောထဲနေရမှာ အနည်းငယ်တော့ ကြောက်နေလိမ့်မည်။ဂျောင်ကုက သည်လိုမျိုးတခါမှ မဖြစ်ဖူးပေမဲ့ တောထဲမှာတော့ အိပ်ဖူးသည်။
ယခုတွင် ဘေးက အရှုပ်ထုတ်ကြောင့် ကောင်းကောင်း တော့ ထိုင်မနေရပါ။ခြင်ကိုက်သည်ဆိုပြီး မီးမွှေးခိုင်းနေပြန်သည်။တော်ကြာနေ ရေသောက်ချင်တယ်ဆိုလို့ ရေကန်က ရေခပ်ပြီး တိုက်ရပြန်သည်။တော်သေးသည်က ရေကန်က ထိုနေရာမှာနှင့် နီးနီးမှာ ပင် ရှိနေလို့။
သူတို့ရောက်နေသည့် နေရာက ရေကန်အနီးနားက သစ်ပင်ကြီးတပင်နားမှာဖြစ်သည်။ဂျောင်ကုလဲ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်ပြီး အချင်းချင်းခတ်၍ မီးမွှေးလိုက်သည်။
"ဟေး! ရသွားပြီ"
ထယ်ယောင်းက ထအော်ပြီး ပျော်နေပြန်သည်။ဂျောင်ကု မေးလိုက်ချင်တာ။မင်း ငါ့ကိုမကြောက်ဘူးလားဆိုပြီး။မကြောက်ဘူးဟုဖြေလျှင် အရှက်ကွဲမှာ စိုးလို့သာ။
သူလည်း ခပ်တည်တည် ထိုအရှုပ်ထုတ်ဘေးမှာပဲ ဝင်ထိုင်ကာ ခေါင်းကို သစ်ပင်အားမှီ၍ အိပ်စက်ရန်ပြင်ရသည်။
"အိပ်တော့မလို့လား..!"
"အင်း~မင်းလဲအိပ် ။ကိုယ်တော်က ဘာမှ မလုပ်ဘူး မကြောက်နဲ့"
"မကြောက်ပါဘူး။အိပ် အိပ် ဟီး"
ထယ်ယောင်းရဲ့ လေးထောင့်အပြုံးလေးဟာ လရောင်အောက်မှာ လက်ခနဲ။သူငေးခနဲ တချက်ဖြစ်သွားခဲ့ပေမဲ့ မျက်လုံးသာ မှိတ်ချလိုက်မိသည်။ဆက်ကြည့်နေရင် သူ ဟာ ဒီကလေးလိုလိုဟာလေးကို တခုခုလုပ်ပစ်မိတော့မည်။
ဂျောင်ကုရဲ့ မျက်နှာရှေ့ အရိပ်တခုဖြတ်ခနဲမြင်တာကြောင့် ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်တဲ့အခါ ထယ်ယောင်းက သူ့ရှေ့တည့်တည့် စောင့်ကြောင့် ထိုင်ချထားကာ လက်ဖြင့် ဝေ့ရမ်းနေတာ။ကြည့်ရတာ သူအိပ်ပျော်မပျော် စမ်းသပ်နေတာ ဖြစ်မည်။
"ဘာလုပ်နေတာလဲ မင်း"
"ဗိုက်ဆာနေမလားလို့....! ယောင်းယောင်းမှာ မုန့်နည်းနည်းပါလာတာ အခုမှ သတိရတယ်။အဲတာ လူကြီး စားဦးမလားဟင်"
![](https://img.wattpad.com/cover/287097396-288-k210987.jpg)
YOU ARE READING
ROYAL BLOOD
Historical Fictionတော်ဝင်သွေးနဲ့ မွေးဖွားလာတဲ့ မင်းလေးဟာလဲ ကိုယ်တော့်လို တော်ဝင်သွေးနဲ့ပဲထိုက်တန်တာ....