ချစ်ခြင်းတရား

5.2K 566 61
                                    

တောစပ်ရောက်သည်နှင့် ဂျောင်ကုသည် မြင်းကို အမြန်ဆုံး ဖြုတ်ယူကာ ထယ်ယောင်းအား မြင်းပေါ်တင်၍ ဒုန်းစိုင်းကာ မောင်းနှင်ခဲ့တော့သည်။ကိုယ်ရံတော်တွေနှင့်အတူ ရဲမက်တို့လည်း လမ်းလယ်မှာပင် တွေ့ခဲ့ပြီး သူတို့အားလုံး နန်းတော်သို့သာ ခရီးတပ်ခေါက်ခဲ့ပါသည်။

နန်းတွင်းထဲရောက်သည်နှင့် အဖွားတော်တို့ကအစ ထွက်စောင့်နေကြသည်။တစ်ညလုံးတောထဲ ကလေးတစ်ယောက်နဲ့ ရောက်နေသည့် ဘုရင်ဆိုတော့ စိတ်ပူနေကြသည်။

ရေးကြီးသုတ်ပြာဖြင့် မြင်းပေါ်မှာ ကလေးကို ချီပိုးကာ ဆေးကုသဆောင်သို့ ‌ခေါ်ဆောင်သွားသည့် မြေးတော်မင်းကြီးအား ကြည့်ရင်း မိဖုရားကြီးဂျွန်မီဂမ်တစ်ယောက် သက်ပြင်းဖွဖွချလိုက်မိသည်။

ဘုရင့်၏ အထွဋ်အမြတ်ဖြစ်သော ဘိုးဘွားစဉ်ဆက် တန်ဖိုးထားရာ ပတ္တမြားပုဝါသည် ကင်မ်ထယ်ယောင်း၏ ခြေထောက်မှာ စည်းနှောင်ထားသည်တဲ့။

ဒါဟာ နိုင်ငံတော်ရဲ့ စည်းကမ်းကို ဖောက်ဖျက်သလို ဘိုးဘေးတွေ၏ အစဉ်အလာတွေကိုပါ စော်ကားခဲ့တာပင်ဖြစ်သည်။

ကင်မ်ထယ်ယောင်းဆိုတဲ့ ကလေးသည် မြေးတော်အပေါ်တွင် တော်ရုံ လွှမ်းမိုးမှုမျိုးတော့ မဟုတ်တန်ရာတော့ချေ။အမြန်ဆုံး ကမ်မနဒီက မင်ဂျီဝန်းအား မိဖုရားမြှောက်ရန် စီစဉ်ပေးရပါတော့မည်။

_________

မြွေဆိပ်တွေအားလုံး ကုန်အောင်စုပ်ထုတ်ပီးသားမို့ အနာကို ဆေးထည့်ပြီး လူကို ဆေးတိုက်ရသည်။သမားတော်က ကြီးကျယ် မြင့်မြတ်သော ဘုရင်၏ ပုဝါကို မကိုင်ရဲဖြစ်နေတာကြောင့် ဂျောင်ကုပဲ ဖြေပေးလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲပဲ ညစ်ပေနေသည့် ထိုပုဝါကိုထည့်သိမ်းထားလိုက်သည်။

စိတ်ချရပြီဆိုမှ အပြင်ကို ထွက်လာခဲ့‌တော့ အဖွားတော်နဲ့ တည့်တည့်တိုးသည်။

"မင်းကြီး~အရမ်းကို စည်းကမ်းပျက်နေတာ သတိထားမိပါရဲ့လား"

"ဘာကိုလဲ အဖွားတော် ~ကိုယ်တော့်ကို ဝေ့ဝိုက်မနေဘဲ တည့်တည့်သာပြောပါ။"

"ပတ္တမြားပုဝါဆိုတာ ဘိုးဘေးတွေရဲ့ တန်ဖိုးထားတဲ့အရာလေ။မင်းကြီးက ဒါကို ဘာမဟုတ်တဲ့ ကောင်လေးခြေထောက်မှာ ချည်နှောင်ထားခဲ့တယ်တဲ့။မင်းကြီး ရူးသွားပြီလား...!"

ROYAL BLOODWhere stories live. Discover now