ကြာပန်းဖြူပမာ

2.6K 305 21
                                    

အဖြစ်အပျက်များ မဖြစ်ပေါ်မှီအချိန်

လီချောဟွန်းသည် ထယ်ယောင်းကို ယခင်က လွန်စွာချစ်မြတ်နိုးရသော်လည်း သူ့အား သစ္စာဖောက်ခဲ့သည်။ပြီးနောက် သံယောဇဉ်ရှိခဲ့ပြီး ဖြစ်သည့် ဆန်လေးမှာလဲ ထယ်ယောင်း၏ သစ္စာဖောက်မှုကြောင့် သေခဲ့ရ၏။

ဂျွန်ဂျောင်ကိုက သူဘယ်လိုမှ ခွင့်လွှတ်နိုင်မည်မဟုတ်။ရတဲ့အချိန် ရသလို လက်စားချေကာ နန်းချပစ်ပါမည်။

ထိုနေ့က မယ်တော်ကြီးထံ သွားသည့်အခါ မင်ဂျီဝန်းနှင့် သူ့ကိုယ်ရံတော်အား အမှတ်မထင်တွေ့ခဲ့သဖြင့် သူလိုက်သွားကာ မေးမြန်းလေးတော့ ဘက်တူနေကြသည်။‌ယခင်မိဖုရားဖြစ်ခဲ့ဖူးသူမှာ ယခုတော့ ကိုယ်လုပ်တော်ဘဝတွင် နေနေသဖြင့် မာနများစွာ ထိခိုက်နေဟန်ရှိပြီး ထယ်ယောင်းကို သတ်ပစ်ချင်နေသည့် ပုံစံမှာ သိသာထင်ရှား၏။

သူကလဲ ဂျောင်ကုကိုရှင်းပစ်ချင်သူမို့ ထယ်ယောင်းကို ရှင်းမည့်အစီအစဉ်ကိုပါ သဘောတူလိုက်သည်။အစကတော့ ထယ်ယောင်း၏ ကိုယ်ဝန်ဖြင့် အကျပ်ကိုင်ကာ ခြိမ်းခြောက်ရန်။ယခု ထယ်ယောင်းက ဘယ်လိုမှ အကျပ်ကိုင်လို့ ရမည့်သူမဟုတ်ဘဲ ဂျောင်ကုအား သစ္စာဖောက်ရန် အစီအစဉ်မရှိသည်ကြောင့် နှစ်ယောက်စလုံးကို ရှင်းပစ်ရန်သာ။

ထို့ကြောင့် ထယ်ယောင်းနှင့် မျှား၍ ဘုရင်ကိုပါ တပါထဲ သတ်ပစ်ရပါမည်။

သူတို့စောင့်နေသည့် နေ...

ထယ်ယောင်းကပွဲတော်ကို ထွက်လာသည် ဆိုကထဲက စီစဉ်ထားသည်များကို တပြိုင်နက်လှုပ်ရှားစေကာ ထယ်ယောင်းအားဖမ်းခေါ်ခဲ့ပါသည်။

ထယ်ယောင်းကို ဖမ်းခေါ်ထားပြီး ချုပ်ထားချိန်တွင် ‌ဂျွန်ဂျောင်ကုသည်သူ့ကိုယ်ရံတော်အချို့နှင့်ရောက်လာကြပြီး ချောဟွန်း၏ သူပုန်တပ်သားများနှင့် တိုက်ခိုက်ကုန်ကြတာဖြစ်၏။

ကိုယ်ရံတော်ကျောင်းမှာ မင်းကြီး၏ ဓားချက်အောက်တွင် အသက်ပျောက်ခဲ့ရပြီးနောက် ချောဟွန်းသည် တုန်လှုပ်ရသည်။ဒီပွဲက နောက်‌ဆုံးပွဲပဲ။သူသေရင်သေ မသေရင် ဂျွန်ဂျောင်ကုတို့နှစ်ယောက်အသေသာ။

ROYAL BLOODWhere stories live. Discover now