L B 3

1.2K 66 0
                                    

အခုတစ်ခေါက် လစဥ်စာမေးပွဲအပြီးမှာတော့ ကျွန်တော့် result များ ပိုကောင်းလာပြီး အမှတ်များသည့်အတွက် A ခန်းအဆောင်နှင့် စာသင်ခန်းသို့ ပြောင်းလာရသည်။ ချစ်ရသော နန္ဒနှင့် တစ်ခန်းတည်း ကျနေသည့်အတွက် စာသင်ချိန်များတွင် အပြန်အလှန်ခိုးခိုးကြည့်ရသည်မှာ အမော။

စာသင်ချိန်အပြီး အဆောင်သို့ ပြန်ရောက်သော်လည်း အခန်းချင်းတူသည့်တိုင် နန္ဒအနား ကျွန်တော် ကပ်ခွင့်မသာခဲ့ပါ။ အကြောင်းအရင်းမှာ အမှတ်အလိုက် အခန်းများခွဲထားရုံသာမကဘဲ အဆောင်တွင်လည်း ခုတင်များကို အမှတ်အနည်းအများအလိုက် စီထားခြင်းဖြစ်ပြီး နှစ်ခုတင်ကပ်လျက် အိပ်ရတာမျိုးဖြစ်သည်။ ကျွန်တော့်ထက် စာတော်သည့် နန္ဒနှင့် အမှတ်အတော်ကွာနေသည်မို့ နှစ်ယောက်ကပ်လျက်ကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။ မဖြစ်နိုင်သော်လည်း ဖြစ်နိူင်အောင်လုပ်ပြသည့် နန္ဒရဲ့အားထုတ်မှုကိုတော့ ညဖက်တွင် ကျွန်တော် တွေ့လိုက်ရပါသည်။

“မြတ်မင်း၊ ဟေ့ကောင် မြတ်မင်း ထဦး”

ည ၁ နာရီထိုးကြီး ခြင်ထောင်ထဲ ဝင်လာပြီး တစ်ယောက်အိပ်ကုတင်လေးပေါ် ကြပ်ကြပ်ကပ်ကပ် တိုးဝင်လာသည့် နန္ဒ။

“ဟင်...နန္ဒ၊ ဒီအချိန်ကြီးမှ ဘာလဲကွာ။ အိပ်ရေးက မဝပါဘူးဆို ဘာလာလုပ်တာတုန်း”
“ဘာလာလုပ်ရမှာတုန်း၊ မင်းနဲ့ အိပ်ချင်လို့ပေါ့။ ခုမှ တစ်ခန်းတည်းကျတာ၊ အခွင့်အရေးက နောက်လစာမေးပွဲ result မထွက်ခင်ထိပဲ ရှိတာ”

result ထွက်ရင် ကျွန်တော်ကပဲ အမှတ်ကျပြီး B ခန်းပြန်ရောက်မည့် လေသံနှင့် ပြောနေသေးသည်။ သူကတော့ ပြောနိုင်တာပေါ့၊ A ခန်းက တစ်ခါမှ မဆင်းဖူးဘူးကိုး။

“တိုးတိုးပြော၊ ဘေးကကောင် နိုးသွားမယ်။ ပြီးတော့ ဟိုးမှာ ဆရာဇော့်ကုတင်က သိပ်ဝေးတာမဟုတ်ဘူး။ သူက တစ်ရေးနိုး ထထစစ်သေးတယ်ကွ”

“စစ်စစ်လေ၊ ငါ့ခွလုံးကို စောင်ခြုံပေးထားခဲ့တယ်။ မင်း ဆရာဇော်က ခြင်ထောင်ထဲဝင်ပြီး စောင်ဆွဲလှန်စစ်တဲ့ထိတော့ လုပ်မှာမဟုတ်ပါဘူး”

မလာခင်တည်းက တွက်ချက်ပြီး ကြိုတင်စီစဥ်ထားတာနော် ဆရာသမားက...
ဒီလို ဦးနှောက်မျိုးရှိလို့လည်း စာတော်နေတာဖြစ်မယ်။

“စကားတွေများမနေချင်ဘူး၊ လက်ဆန့်ပေး”

“ဟမ် ဘာလုပ်ဖို့”

“မင်းလက်မောင်းပေါ် အိပ်ဖို့လေ၊ ဘာလဲ ငါ့ကို ရင်ခွင်ထဲ ထည့်မအိပ်ချင်လို့လား မြတ်မင်း”

“လာနုနေပြန်ပြီ၊ ခုလည်း မင်း ငါ့ရင်ခွင်ထဲ ရောက်နေတာမဟုတ်ဘူးလား နွားရ”

“အာဘွားပေး”

“ဘယ်နားကိုလဲ”

“တစ်ကိုယ်လုံး”

“အင်း ပေးမယ်။ ဒီနားက စပေးမယ်ကွာ”

နှာခေါင်းလုံးလုံးလေးကို အနမ်းပေးလိုက်တော့ သကောင့်သားက ပြုံးပြုံးကြီး။ နှာခေါင်းနဲ့ နားရွက်ကို နမ်းတိုင်း ရွစိရွစိဖြစ်ပြီး ကျေနပ်နေလေ့ရှိသည်။ နှုတ်ခမ်းကတော့ သူ့ကျွမ်းကျင်ရာနယ်ပယ်ဖြစ်သည့်အတွက် သူသာ ဦးဆောင်လေ့ရှိသည်။ ကျွန်တော်က ဦးဆောင်စေတာဆို ပိုမှန်ပါမည်။

“ဒီတိုင်း အိပ်ပျော်သွားရင် မနက် ဆရာဇော်နှိုးတော့ တွေ့သွားရင်ရော”

“သူ စနှိုးတာနဲ့ ငါ မြန်မြန်ပြေးသွားလိုက်ပါ့မယ်။ မီးတွေမဖွင့်ခင် ခြင်ထောင်တွေနဲ့ ရှုပ်ယှက်ခက်နေတော့ ငါပြေးသွားတာ သိလိုက်မှာမဟုတ်ဘူး”

“တတ်တယ် ဒါမျိုးကျ”

“အကုန်တတ်တာ မင်းမသိလို့လား”

“အင်း မသိလို့”

ပြွတ်စ်...

ထုံးစံအတိုင်း သူ့ရဲ့အနမ်းခရီးကြမ်းမှာ ကျွန်တော် ကျရှုံးရပြန်တော့သည်။

မနက်ထဖို့ တစ်ခန်းလုံးကို ဆရာဇော် ပတ်နှိုးတော့ ဘေးမှ ချစ်ရသူလေး ရှိမနေတော့ပါ။ ပြောထားသည့်အတိုင်း နှိုးသံကြားတာနှင့် ချက်ချင်းပြေးသွားဟန် တူသည်။

အခန်းတူ ကျသည့်နေ့မှစ၍ နန္ဒတစ်ယောက် ကျွန်တော့်ကုတင်ဆီသို့ မပျက်မကွက် ညအနမ်းများ လာရောက်ဆက်သလေ့ရှိသည်။

စည်းကမ်းတင်းကြပ်လွန်းသည့် Private School ၏  ယောက်ျားလေးဆောင်ထဲတွင် ယောက်ျားလေးတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ မှေးစက်ရဖို့ ညစဥ်မပြတ် ကူးလူးပြေးလွှားနေသည့် အခြားယောက်ျားလေးတစ်ယောက်ကို မြင်တွေ့ရမည်ဖြစ်သည်။

Lovely Bhone (one-shot MYANMAR BL)(COMPLETED)Where stories live. Discover now