L B 6 ( END )

1.5K 76 15
                                    

အချိန်တွေ ကုန်တာ မြန်ဆန်လွန်းလှသည်။

မနက်ဖြန်ဆိုလျှင်ပဲ final exam ကြီး စတင် ဖြေဆိုရတော့မည်ဖြစ်သည်။ Movie Night ပြီးတည်းက နန္ဒနှင့် ပူးပူးကပ်ကပ်မရှိနိုင်ခဲ့တော့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ လုံးဝ အဆက်ပြတ်သွားခြင်းတော့ မဟုတ်၊ တစ်ဆောင်တည်းသားတွေမို့ အခေါ်အပြော မပျက်ကြသော်လည်း တီတီတာတာကဏ္ဍတွေဟာ ချိုမြိန်သော အတိတ်တစ်ခုလိုသာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။ အရိုးခိုက်အောင်ချမ်းသော ဆောင်းရာသီ၏ လေရိုင်းတွေထက် နန္ဒနှင့် ဝေးကွာရတော့မည်ဆိုသော အသိတရားသည် မိမိကို အသည်းခိုက်အောင် နာကျင်စေပြီး နေ့စဥ်နဲ့အမျှ ဝေဒနာတိုးလာစေသည်။ နောက်ဆုံးဖြေဆိုခဲ့ရသည့် လစဥ်စာမေးပွဲတွင် မိမိ၏ result များ ဆိုးရွားနေခဲ့သောကြောင့် C ခန်းအထိပါ ရောက်ခဲ့ရပြီး မည်သူ၏ ပယောဂကြောင့်မှ မဟုတ်ပါဘဲ ချစ်ရသော နန္ဒနှင့် ဝေးကွာခဲ့နှင့်ပြီးဖြစ်သည်။

“မြတ်မင်း အဆင်ပြေရဲ့လား၊ စာတွေရော ပိုင်ပြီလား”

မိမိ၏ ရင်တွင်းခံစားချက်များကို စာနာပေးနိုင်သူ အောင်ပြည့်ကြောင့်သာ ယိုင်လဲမသွားခဲ့ဟု ဆိုနိုင်သည်။ စာမေးပွဲကြီးနီးလေ စာမလုပ်နိူင်လေဖြစ်ပြီး စိတ်နှင့်ကိုယ်မကပ်သော မိမိအား အောင်ပြည့်မှ အတင်းတွဲခေါ်ခဲ့၍သာ အောင်မှတ် မှန်းနိုင်သည်အထိ စာလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အေးဆေးပေါ့၊ အချိန်တန် အောင်မှာပဲ ငါ့ကောင်ရာ”

“ချီးကို အချိန်တန် အောင်
ကြားထဲ သေမလိုဖြစ်နေပြီးမှ ဒီစကားထွက်လာသေးတယ်နော်၊ မပြောတော့ပါဘူး။ မင်းအမှားလည်း မဟုတ်ဘူး။ ဒါပေမယ့် ဟိုနွားကတော့ အပြစ်မကင်းဘူး”

နာကျင်မှုများနှင့် ခပ်တိုးတိုးရယ်သံက အောင်ပြည့်ဆီသို့ပါ ရိုက်ခတ်သွားသလားမသိ၊ သက်ပြင်းချသံကြားလိုက်ရပြီး အားပေးသည့်သဘောဖြင့် ပခုံးသို့ အသာဖျစ်ကာ ထွက်သွားသည်။

                             *********


“မောင်မြတ်မင်းသူရိန်ကို အလုပ်ခန့်လိုက်ပါပြီ၊ လာမယ့် Monday က စပြီး အလုပ်ဆင်းလို့ရပြီနော်”

Lovely Bhone (one-shot MYANMAR BL)(COMPLETED)Kde žijí příběhy. Začni objevovat