Chapter 2: :Don't trust to your heart

406 11 0
                                    

Diaries (ဒိုင်ယာရီများ)

အခန်း ၂။ မင်းရဲ့နှလုံးသားကိုမယုံလိုက်နဲ့

သူထွက်သွားပြီးတဲ့နောက် ရန်ပွဲကိုဝိုင်းကြည့်​နေကြသည့်လူအုပ်ကြီးကလည်း တစတစနှင့်တဖြေးဖြေးပါးသွားသည် ။ မြေကြီးပေါ်တွင် ဒုတိယအကြိမ်လဲလျောင်းနေကြသော စာရွက်များကိုကောက်ရင်းဇီသက်ပြင်းထပ်ချလိုက်မိသည် ။

ဇီကအရမ်းအတွေးများပြီး သိပ်စိတ်ကူးယဉ်တတ်သည့် မိန်းကလေးတစ်​ယောက်ဖြစ်​ပေမယ့် ၊ အခုလိုလူတစ်​ယောက်ကို အသိစိတ်​ပျောက်လောက်​အောင်​ငေးကြည့်​နေမိတာ​တော့တစ်ခါမှမဖြစ်ဖူးဘူး။

ဒီတစ်ခါအစာကွင်းဆက်မှာ အနင်းခြေမခံခဲ့ရတာ ဇီကံကောင်းသွားသည်။ သူနဲ့ထပ်မ​တွေ့မိ​အောင်​ ​ရှောင်နေရမည်။ သူ့မျက်စိအောက်မရောက်မိအောင် ​နေရမည်။ သူမကျေနပ်ရင် ဇီ့ရဲ့ကျောင်းတတ်ရတဲ့နေ့တွေ ငရဲကျသွားနိုင်သည်။

စာရွက်တွေကောက်နေတုန်း ဇီကူညီပေးလိုက်တဲ့ကျောင်းသားက ပြန်ရောက်လာသည်။ ဇီ့ကိုကူပြီး တစ်စစီပြန့်ကျဲနေတဲ့စာရွက်တွေကို ​ကောက်ပေးရင်း ကျောင်းသားက အသံတိုးတိုးနှင့် ​ကျေးဇူးတင်ကြောင်းပြောလာသည်။ တမင်အသံတိုးပြီးပြောနေတာ မဟုတ်ပဲ သူ့အသံတွေထွက်မလာတာထင်သည်။

အက်ကွဲကွဲရှတတအသံတွေနှင့် သူကဆိုသည်။

"ခုနကထွက်သွားမိတာ sorry​ ပြီးတော့ မင်းကိုကျေးဇူးတင်တယ်"

သူ့မျက်နှာတစ်ခုလုံးက ဒဏ်ရာတွေချည်း ၊မျက်လုံးတစ်ဖက်က နီညို​ရောင်ပြောင်းကာဖူးယောင်နေသည်။ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေက ​သွေးစအချို့ပေကျံနေတုန်းပင်။ ဒဏ်ရာတွေကိုဆေးမထည့်ပဲ မျက်နှာသာသစ်လာပုံရသည်။ ကြည့်ရတဲ့လူတောင် မသက်မသာဖြစ်ကာ မျက်နှာရှုံမိသည်အထိ။

"နင်...အဆင်ပြေရဲ့လား"

သူကဇီ့ကိုကြည့်ကာခေါင်းငြိမ့်လာသည်။ လက်ထဲကစာအုပ်တွေကို ​တောင်းရင်းဇီ့ပြန်မေးသည်။

"မင်းကော...သူမင်းကိုဘာလုပ်သွားသေးလဲ"

"ငါ...ဘာမှမဖြစ်ပါဘူး"

DIARIES Where stories live. Discover now