Chapter 10: :Peace of soul

113 5 0
                                    

DIARIES (ဒိုင်ယာရီများ)

အခန်း ၁၀။ စိတ်နှလုံးရဲ့အငြိမ်းဓာတ်

သတင်းစာ​တွေမှာ ဗိုလ်ချုပ်ကြီးရဲ့ ကွာရှင်းပြတ်စဲသည့် အပုပ်သတင်း​တွေ လှိုင်လှိုင်ထွက်​နေ​တော့ အန်ထ့်ကိုလည်း အ​ဖေက ​ဆေးရုံမှာမရှိ​စေချင်​တော့ဘူး။ တကယ်​တော့ သူ့ရဲ့ဂုဏ်သိက္ခာကိုနင်း​ခြေ​နေတာ သူကိုယ်တိုင်ပဲဆိုတာအ​ဖေဘယ်​တော့မှနားလည်မယ်မထင်ပါ။ ကွာရှင်စလိုက်တဲ့သတင်း ထွက်လာပြီးမကြာခင်ပဲ ဆိုရှယ်မီဒီယာတွေမှာ ဗိုလ်ချုက်ကြီးရဲ့ ၄ကြိမ်မြောက်မင်္ဂလာဆောင်က နာမည်ကြီးနေသည် ။

မကြာခဏကွာရှင်းလိုက် မင်္ဂလာ​ဆောက်လိုက်နှင့် သူ့ရဲ့သတင်း​တွေကလူ​တွေကြားမှာ ကဲ့ရဲ့စရာတစ်ခုဆိုတာသူမသိ။ ဖားကပ်​နေတဲ့ လူ​တွေကြားမှာ​နေထိုင်ရင်း ဟုတ်လှပြီမှတ်​နေသည်။ ဒီလိုလူသိရှင်ကြား မင်္ဂလာဆောင်ဖို့ ကွာရှင်းဖို့ကလွယ်လွယ်လေးနဲ့မပြီး​ပေ။ ကွာရှင်းစရိတ်​တွေ များစွာ​ပေးရပြီး ဘာမှမတော်တဲ့သားသမီးတွေအတွက် ထောက်ပံ့ရပြန်သည် ။

သူက​တော့မိသားစုတဲ့ ။ မိသားစုကို သိပ်ချစ်တဲ့လူကြီးပေါ့။ အန်ထ့်အတွက်တော့ တစ်ချိန်မှာ ငြင်းခုန်စရာ​တွေဖြစ်လာမယ့် အမွေလုဘက်တွေပဲ။ ရယ်စရာကောင်းတာက ဒီကမ္ဘာပေါ်မှာ သွေးသားတော်စပ်သူက တစ်ယောက်ကိုတစ်ယောက်မုန်းနေကြတဲ့ အဖေနှင့် အန့်ထ်သာရှိပါသည်။ အခြားလူ​တွေက​တော့ ဘယ်တုန်းကမှလည်း ညီအစ်ကိုမောင်နှလို့ သဘောမထားသလို သူတို့အကြောင်းတွေလည်းမသိချင်ပါဘူး။

ခေါင်မိုးထပ်တွေမှာရပ်ပြီး လေတိုက်ခံရတာကို အန့်ထ်ကြိုက်သည်။ အမြင့်ဆုံးခေါင်မိုးထပ်ဆိုရင် ပိုတောင်ကြိုက်သေးသည်။ တလောကလုံးကကိုယ့်ရဲ့ခြေဖဝါးအောက်မှာ...။ ဒါပေမယ့် ဘယ်လောက်ပဲအမြင့်ဆုံးနေရာမှာရပ်နေပါစေဦး အန့်ထ်ကိုအမြဲမိုးထားတဲ့ အရိပ်ဆိုးကြီးကတော့ အမြဲမိုးထားသည်။ အဲ့ဒီ့အရိပ်ကြီးအောက်ကလွတ်ဖို့ဘာလုပ်ရမလဲ...အန့်ထ်မှာအဖြေမရှိတော့ပါဘူး။

ဆေးလိပ်နံ့ပြင်းပြင်းနဲ့ အ​မွှေးနံ့သင်းသင်းလေးတစ်ခုက ​ရော​ထွေးပြီး နှာခေါင်းထဲဝင်လာသည် ။ အနံ့ရရုံနဲ့တင် အန့်ထ်သိလိုက်ပြီ ။ အဲ့တာသူပဲ...သူပဲ...။ အနံ့ကိုအလွတ်ရတဲ့အထိ အန့်ထ်တို့ကရင်းနှီးနေပြီ ဆိုရင် ချဲ့ကားပြောတာပါ။ အန့်အတွက်တော့ ဒီ့ထပ်မကရင်းနှီးနေပါပြီလို့ပြောရင် လိမ်ညာတာမဟုတ်ပါ။

DIARIES Where stories live. Discover now