DIARIES (ဒိုင်ယာရီများ)
အခန်း ၁၉။ ပျော်ရွှင်ခွင့်လေးပေးပါ
အခုချိန်မှာ ဇီသာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံးလူဖြစ်နေပြီး ပတ်ဝန်းကျင်နဲ့ လူတွေဆီကနေ အဆက်အသွယ်ပျက်နေခဲ့သည်။ တစ်နေ့ ကျောင်းကန်တင်းမှာ ထမင်းကြော်ဝယ်နေတုန်း မေရီတို့အုပ်စုကို လှမ်းတွေ့လိုက်သည်။
မေရီနဲ့ဂျေဆင်ဂျိမ်းစ်က တစ်ယောက်တစ်ခုံ သက်သက်ဆီထိုင်နေပြီး ဂျေဆင်ဂျိမ်းစ်က မေရီ့ကိုအရိပ်အခြေကြည့်လို့နေသည် ။ မေရီက သရဖီတို့နဲ့စကားပြောနေပြီး ဂျေဆင်ဂျိမ်းစ်ကို ကျောပေးထားသည်။ ကြည့်ရတာ သူတို့ရန်ဖြစ်ထားကြပြန်ပြီ ထင်သည်။ ဇီတို့ ပထမဆုံးကျောင်းတတ်တဲ့နေ့က တွေ့ခဲ့တဲ့ ရှိန်းရဲ့အနိုင်ကျင့်ခံရတဲ့ ဖြူဖျော့ဖျော့ကောင်လေး အန့်ထ်လည်း သူတို့ဝိုင်းမှာထိုင်နေသည် ။ ကလပ်မှာတွေ့တဲ့ တရုတ်ကောင်လေးဝူကိုလည်း သူတို့ဝိုင်းမှာတွေ့သည် ။
သူတို့အဖွဲ့က လူတိုင်းကိုတွေ့ပေမယ့် ဇီလိုက်ရှာနေမိတဲ့ သူကိုတော့မတွေ့ဘူး...။ သူနဲ့ဇီ မတွေ့ဖြစ်တာကြာပြီဆို မေမေ့အသုဘမှာနောက်ဆုံးပဲ...။
"ဘယ်သူ့ကိုရှာနေတာလဲ"
"ဘုရားရေ! !"
အသံက ဇီ့နားအနောက်ကနေ ထွက်လာတော့ လန့်ပြီးလက်ထဲက ထမင်းကြော်တွေပြုတ်ကျကုန်သည်။ ရှိန်းက ဇီ့လက်မောင်းကိုဆွဲလိုက်တော့ ထမင်းကြော်တွေ ဇီ့ကိုမပေတော့ဘူး။
"အရမ်းလန့်သွားတာကိုး..."
"နင်...ရှိန်းကရုတ်တရက်ရောက်လာတာကိုး"
"လာ...အတူထိုင်ရအောင်"
ရှိန်းကဇီ့ကို မေရီတို့ထိုင်နေတဲ့ ဝိုင်းဆီခေါ်လာသည် ။
"ဘာစားမွာလဲ..ခုနကဘာစားမလို့လဲ"
"ထမင်းကြော်.."
"ကိုယ်မှာပေးမယ် ထိုင်နေ"
သူသွားနေတုန်း သရဖီနဲ့မေရီက ဇီ့အနားကိုရောက်လာသည်။
"ဇီညနေကျရင် ညစာအတူတူစားရအောင်လေ"
"ညနေတွေ..ဇီမအားဘူးသရဖီရဲ့.."
YOU ARE READING
DIARIES
Romanceအထက်တန်းကျောင်းသူလေးတစ်ယောက် နာမည်ကြီးကျောင်းတော်ကြီးတစ်ခုကိုပြောင်းလာခဲ့တယ်။ ကျောင်းတတ်တဲ့နေ့မှာပဲ ရန်ပွဲတစ်ခုထဲမှာဝင်ပါမိပြီး သူ့ရဲ့ဒိုင်ယာရီလေးထဲမှာ ကောင်လေးတစ်ယောက် ရောက်လာခဲ့ရာက....