Chapter 32: :Arrange engagement

119 7 0
                                    

Chapter 6:: Arranged engagement

  

  

"မင်းနောက်ကွယ်ကလူကိုမိပြီလား"

ဂျေဆင်ဂျိမ်းစ်စားလက်စမုန့်ပန်းကန်နားသတင်းစာတစ်စောင်ကျလာသည်။ မုန့်အစားပျက်သွားတဲ့ဂျေဆင်ဂျိမ်းစ်းကလက်သုတ်ပုဝါနဲ့ ပေနေတဲ့မုန့်တွေကိုသုတ်လိုက်ပြီးရှိန်းကိုဒေါသတကြီးကြည့်လိုက်သည် ။ ခေါင်းတွေရှုပ်ပွပြီးမျက်ကွင်းတွေညိုနေကာညင်းသိုးသိုးရုပ်ဖြစ်နေတဲ့အပြင် ဗိုက်မှာလည်းပတ်တီးအထူကြီးပတ်ထားရတဲ့ဂျေဆင်ဂျိမ်းစ်နဲ့ခြားနားစွာ ရှိန်းကသပ်သပ်ရပ်ရပ်နဲ့လန်းဆန်းကာတတ်ကြွနေသည် ။

"မင်းတစ်ညလုံးဘယ်ရောက်နေတာလဲ"

ဖောက်ပြန်ရာကပြန်လာတဲ့ယောကျ်ားကိုစစ်မေးသလိုဂျေဆင်ဂျိမ်းစ်ကရှိန်းကိုမေးလိုက်သည်။ ရှိန်းကမဖြေပဲ ခုံတစ်ခုံကိုဆွဲယူကာဂျေဆင်ဂျိ်မ်စ်းနဲ့ခပ်လှမ်းလှမ်းမှာဝင်ထိုင်သည်။ မုန့်တစ်ခုကိုညှပ်နဲ့ယူကာ သူ့ရှေ့ကပန်းကန်ထဲထည့်လိုက်ပြီးဓားနဲ့လှီးလိုက်သည်။ နောက်တော့ခရင်းနဲ့လှီးပြီးသားအပိုင်းသေးလေးကိုထိုးကာစားလိုက်သည် ။ ရှိန်းလုပ်သမျှကိုမျက်တောင်မခတ်ပဲစိတ်ပျက်စွာကြည့်နေတဲ့ဂျေဆင်ဂျိ်မ်းစ်ကထိုင်နေတဲ့နေရာကထလာပြီးပန်းကန်ထဲကမုန့်ကိုလုယူလိုက်သည်။ ပါးစပ်ထဲအကုန်ထိုးထည့်လိုက်ပြီးပါးလုပ်ပလောင်းနဲ့ရှိန်းကိုမျက်ခုံးပင့်ကာကြည့်သည်။ ရှိန်းသောက်ဖို့ထည့်ထားတဲ့လိမေ္မာ်ရည်ကိုလည်းအကုန်မော့ချလိုက်ပြီး

"ကဲ...အဲ့လိုစားလိုက်ရင်ပြီးနေပြီ...မင်းတစ်ညလုံးဘယ်မှာလဲ ဇွန်နဲ့အတူရှိနေတာလား"

မုန့်တွေပေနေတဲ့လက်နဲ့ဂျေဆင်ဂျိမ်းစ်ကရှိန်းရဲ့ပုခုံးကိုသုတ်ဖို့လုပ်သည်။ ရှိန်းကရှောင်လိုက်ပြီးနေရာကနေထလိုက်သည်။

"ဘာလို့ငါကသူနဲ့နေရမှာလဲ"

"သူကမင်းကိုကြိုက်နေတာလေအသိသာကြီးကို...ပြီးတော့ခီရာရဲ့ယောင်းမမဟုတ်လား..ခီရာကမယားကြောက် အဲ့တော့မင်းသူ့မြေနေရာရဖို့ဇွန့်ကိုအသုံးချမှာ...ပြီးတော့ဇွန်ကမင်းTypeပဲ"

DIARIES Where stories live. Discover now