အခန်း - ၁

2.9K 161 19
                                    

[ Unicode ]

" ဗျို့ .. ကိုကြီးနောင် ၊ မြို့ကဆရာလေးအသစ်ရောက်တယ်ဆို သွားကြိုပြီးပြီလား "

လှည်းကြိုးအား နွားတွင်ချိတ်နေစဉ် ကောက်စိုက်ပြန်လာပုံရသည့်လုံမေကလေး ယွဲ့ယင်ကမေးလေတော့ နွားအားကြိုးတပ်နေသည့် လူငယ်ကသွားတန်းဖြူဖြူပေါ်အောင်‌ပြုံးလို့..

" အခုဘဲသွားကြိုမလို့ ၊ လိုက်ချင်လို့လား "

" အိုတော် မလိုက်ချင်ပါဘူး ၊ အိမ်မှာ အမေကြီးကိုကူပေးရအုံးမှာ ကိုကြီးနောင်ဘဲသွားတော့ "

နေပူလှသည်မို့ ကောက်ရိုးခမောက်အားဆောင်းထားသည့် ယွဲ့ယင်ရဲ့အ‌ပြောကြောင့် ထိုလူငယ်ကတစ်ဟားဟားအော်ရယ်ကာ လှည်းပေါ်တက်ရင်း

" မလိုက်ချင်ဘဲနဲ့များ မေးနေသေးသကိုး ။ ဒါဆို ကိုကြီးသွားပြီ "

ထိုလူငယ်၏အပြောကြောင့် လုံမေကလေးမှာမျက်စောင်းကလေးချီလျက် ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြလို့သူမ၏အိမ်သို့ပြန်သွားလေတော့သည်။ ထိုလူငယ်သည်လည်း လှည်းအား မြို့မှကျောင်းဆရာလေးကိုကြိုရန် မောင်းနှင်လိုက်တော့သည်။

----------------
----------------

နေရောင်ပူပြင်းပြင်းကြောင့် ဝမ်ရိပေါ်၏အသားအရည်မှာ မီးကင်ခံထားရသည့် ပုဇွန်ထုပ်ကလေးသဖွယ်နီမြန်းမြန်း ။ အရိပ်ရလိုရငြား ထီးထီးကြီးရှိနေပါသော မန်ကျည်းပင်ကြီးအောက်တွင် အရိပ်ခိုပါသော်လည်း ပူပြင်းသောနေရောင်ကြောင့် သူ၏ခန္ဓာကိုယ်လေးမှာ ပူမြဲမူဆဲပင်ဖြစ်သည်။

အမွှေးတိုင်တစ်တိုင်စာလောက် စောင့်ပြီးသည့်အချိန်တွင်တော့ သူမတ်တပ်ကလေးရပ်စောင့်နေသောမန်ကျည်းပင်နားသို့ ဦးတည်လာသည့်နွားလှည်းကလေးအား ဖုန်တစ်လုံးလုံးဖြင့် လှမ်း၍မြင်တွေ့လိုက်ရတော့သည်။

" မြို့ကရောက်တဲ့ဆရာလေးလားမသိဘူး ၊ ကျုပ်ကိုသူကြီးကလာကြိုခိုင်းထားလို့ဗျ "

လှည်းကလေးသည်အနားမှာရပ်ကာ လှည်းပေါ်မှ ပါရှိလာသည့် အသားခပ်ညိုညို ရင်အုပ်တောင့်တောင့်ဖြင့်ထိုရွာသား ဖြစ်ဟန်တူသည့်လူကြီးကဆိုတော့ ဝမ်ရိပေါ် သူ၏ခေါင်းကလေးအားခပ်ဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

မောင့်မူပိုင်Where stories live. Discover now