အခန်း - ၄

1.1K 145 19
                                    

[ Unicode]

နေ့လည်ခင်းနွေပူပူဖြစ်သော်လည်း ကံ့ကော်တန်းရွာကလေး၏ အေးချမ်းမှုကိုနေမင်းကြီးခဗျာမယှဉ်နိုင်ခဲ့ပေ ။ ကံ့ကော်နံ့သင်းပြပြရယ် ၊ လေပြေအေးအေးကလေးရယ်က တကယ့်ကိုစည်းစိမ်သဖွယ် ။

ထိုစည်းစိမ်ကလေးအား ဆီနိုင်နိုင်ဖြင့်သုပ်ထားသောလက်ဖက်သုပ်အားတစ်ဇွန်းအပြည့်ခပ်ကာစားလိုက်ပြီး သာသာယာယာပင်အညာသားစည်းစိမ်ခံစားလိုက်တော့၏။

ယခုမူရိပေါ်မှာ အိမ်ခြံဝန်းအတွင်း၌ကံ့ကော်ပင်ကြီး၏အောက်ရှိကွပ်ပျစ်တွင်ဖျင်ကြမ်းဖျာအားခင်းကာ ထိုင်လျက်ဇိမ်ယူနေ၏။ ယနေ့တွင်ကလေးများအား အနားယူ၍ရစေရန်တစ်ရက်တလေကျောင်းပိတ်ပေးထားခြင်းဖြစ်ချေသည်။

" ဆရာလေး .. ဗျို့ ! ဆရာလေးရှိလားဗျ "

ခြံဝိုင်းမှလူတစ်ယောက်သည် ဝါးခါးမောက်ကလေးအားဆောင်းကာ လှမ်းအော်ခေါ်နေတာမို့ ခေါင်းကလေးထောင်ကြည့်ကာအသံပြုလိုက်သည် ။

" အယ် ရှိပါတယ်ခင်ဗျ "

" ဆရာလေး .. သူကြီးကဆရာလေးကိုအခေါ်လွှတ်လိုက်လို့ "

အရပ်ပုပု အသားညိုညိုဖြင့်ကောင်ကလေးသည် သူကြီးအိမ်မှကောင်ကလေးပင်ဖြစ်၏။

" အနောက်ကလိုက်ခဲ့မယ် သွားနှင့်ပါခင်ဗျ "

" ဟုတ်ကဲ့ ဆရာလေး "

ထိုင်နေရာမှ ကွပ်ပျစ်အောက်သို့ဆင်းကာ ဆီးနေကျကတ္တီပါညှပ်ဖိနပ်အညိုရောင်ကလေးအား စွပ်စီးလိုက်ကာ သူကြီး၏အိမ်သို့ ဦးတည်ရတော့လေသည်။

အချိန်အားဖြင့် ၄ မိနစ်လောက်တောင်မလျှောက်လိုက်ရပေ ။ သူကြီး၏အိမ်အဝသို့ရောက်ရှိခဲ့လေပြီ။

" ဆရာလေး လာကွာ .. အဘက တိုင်ပင်စရာကိစ္စကလေးရှိလို့ခေါ်လိုက်တာ ၊ ဆရာလေးအားတယ်ဟုတ်ပါစ "

ခါတိုင်းသူကြီးထိုင်နေကျနားလေးမှာတင် ကံ့ကော်တန်းရွာ၏သူကြီးသည် ရေနွေးကြမ်းအားသောက်လျက် အပြုံးဖြင့်ဆီးကြိုလေသည် ။ ရိပေါ်၏အပြုံးများသည်လည်းသူကြီး၏နံဘေးမှ ဆိတ်သားခြောက်ဖုတ်အားတစ်ဖတ်ပြီးတစ်ဖတ်နှိုက်စားလျက်ရှိနေသောအရိုင်းအစိုင်းကောင်ကြောင့် ရပ်တန့်သွားရ၏။

မောင့်မူပိုင်Where stories live. Discover now