အခန်း - ၆

1K 139 14
                                    

[ Unicode]

ညနေခင်းချိန်ဖြစ်သည် ။ တစ်နည်းအားဖြင့်ရွာ၏အပျိုမလေးတွေရေခပ်ဆင်းချိန်ဖြစ်၏ ရွာ၏ရေတွင်းသို့ တန်းစီသွားရောက်ရေခပ်ကြရသည်။ ရွာဘေးပတ်ပတ်လည်တွင်သက်တမ်းရင့်ကံ့ကော်ပင်ကြီးများသည်လည်း ထီးထီးမားမားရှိနေကြသည် ။

ထိုအချိန်အခါတွင် ရွာ၏လူပျိုပေါက်ကလေးများလူပျိုလှည့်ရန်အကောင်းဆုံးသောအချိန်ဖြစ်သည်။ ရွာ၏အလှပဂေးလေးများကို ပိုးလိုက် ၊ စနောက်လိုက် ၊ ရေကူခပ်ပေးလိုက်ဖြင့် အလွန့်ကိုပျော်စရာကောင်းလှသောအချိန်အခါပင် ။

ထိုအချိန်တွင်တော့ရှောင်းကျန့်တို့အုပ်စုကထိပ်ဆုံးကပင် ။ ယခုလည်း ရွာရေတွင်းလမ်း၏ရေတွင်းနဘေးတွင်ရှောင်းကျန့်တို့အုပ်စုကတက်တက်ကြွကြွနေရာယူသည် ။ မကြာမှီတွင်ရွာ၏အလှကလေးများရေခပ်ဆင်းတော့မည် ။

" ဟိုမှာ .. ဟိုမှာ လာနေကြပြီ အထာကျကျနေ "

အုပ်စုထဲမှသေးသေးညှပ်ညှပ်လေးဖြင့် ယန်ကထပြောသည် ။

" ဖြောင်း .. ! "

" ငါကအထာကျပြီးသားကွ "

နှုတ်ခမ်းမွှေးခပ်စစဖြင့် လူညိုချောရှောင်းကျန့်ကနရင်းတစ်ချက်အုပ်ကာပြောတော့ ယန်ကမချေပရဲပေ ။ တကယ်လည်း ရှောင်းကျန့်ဆိုတာဆိုးသာဆိုးတာရုပ်ရည်ရူပကာမှာရွာ၏မျက်နှာဖုံးမင်းသားလေးသဖွယ် ။

ရေအိုးကလေးများအားရွက်ကာ မိန်းမငယ်ကလေးများသည် အစီအရီလမ်းလျှောက်လာကြသည်မှာမျက်စိကြည်စဖွယ် ။ လူပျိုလူပေါက်များနှင့် စောင့်နေသောအုပ်စုမှာလည်းထိုမိန်းကလေးများအနားသို့ရှိုးအပြည့်ဖြင့်လျှောက်သွားသော်ငြား တစ်ယောက်သောသူကမူ မူဟန်မပျက်ချေဘဲရပ်မြဲအတိုင်းသာ။

ထိုအခါမှ လျှောက်လမ်းနေသည့်ထဲမှလူငယ်တစ်ယောက်သည်ရှောင်းကျန့်၏အနားသို့ပြန်လည်ပြေးလာကာ

" ငကျန့် လာလေကွာ "

ရှောင်းကျန့်ကမူ နေကာမျက်မှန်အမဲအားဟန်မပျက်ကောက်တပ်လိုက်ရင်း နှုတ်ခမ်းမွှေးခပ်စစအား လက်မဖြင့်အသာသပ်ကာ

မောင့်မူပိုင်Where stories live. Discover now