အခန်း - ၃

1.1K 142 15
                                    

[ Unicode]

နွေနေ့လည်ကပူပြင်းလှသော်လည်း ကံ့ကော်ရနံ့သင်းသင်းကအေးမြစွာမွှေးပြန့်လှသည်။

ကံ့ကော်တန်းရွာရှိမိန်းမပျိုကလေးများသည် အရီးမယ်စိန်၏ခြံဝိုင်းအတွင်းကွပ်ပြစ်ကြီးထပ် အတူဝိုင်းဖွဲ့ထိုင်လျက် ဘုရားတွင်ကပ်ဖို့ရာ အပ်ချည်မျှင်အဖြူကလေးများဖြင့်ကံ့ကော်ပန်းများအား သီနေကြချေသည် ။

" ဟဲ့ .. မိရုံ ဟိုမှာ ၊ ဟိုမှာ ‌လမ်းထဲဝင်လာတာအကိုကြီးကျန့်တို့မလား "

အရပ်ပုပုသေးသေးလေးဖြင့် ယန်ယန်က သူမ၏နဘေးရှိ ယွဲ့ရုံ၏ခန္ဓာကိုယ်အားအသာတိုက်ကာ ဆိုသည် ။ ယွဲ့ရုံသည်လည်း ငယ်ငယ်ကတည်းကတစ်ဖတ်သတ်ကြိတ်၍ ချစ်ခဲ့ရသောရွာ၏လူမိုက်ကြီးတစ်ဖြစ်လည်း အကို့ကို သူမ၏လည်တိုင်ကလေးအားဆန့်ကာ မခိုးတရို့ကြည့်လိုက်သည် ။

အကိုသည် သူ၏သူငယ်ချင်းနှစ်ယောက်နှင့်အတူ ရွာလန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့်ဝင်လာသည်ကိုတွေ့မြင်ရသည် ။

ရှောင်းကျန့်၏မျက်ခုံးတန်းတို့သည် အလိုမကျစွာတွန့်ချိုးနေ၍နေသော်လည်း သူ၏ရူပကာကမူ နေပူပူထဲတောင် ထင်းထွက်၍ကြည့်ကောင်းလှချေသည်။ ကြည့်ရသည်မှာ ကံ့ကော်တန်းရွာ၏ဇိုးကို တစ်စုံတစ်ယောက်ကတော့စိတ်တိုအောင်လုပ်လိုက်ပြီထင် ။

" ဖြောင်း .. !! "

ဖြောင်းကနဲနရင်းအုပ်သံသည် အတော့်ကိုကျယ်လောင်စွာထွက်ပေါ်လာခဲ့သည် ။ နရင်းအုပ်ခံလိုက်ရသူ၏ခေါင်းသည် အောက်သို့အရှိန်ဖြင့်ညွတ်ကျသွားရသည် ။

" ဟဲ့ဟဲ့ ! နရင်းအုပ်လိုက်ပြီ ၊ ဟိုမှာ အကိုကြီးကျန့် အမူးသမားကိုနရင်းအုပ်လိုက်ပြီ "

စပ်စပ်စုစုရှိ‌လှသော ယန်ယန်သည် ရွာလမ်းကျယ်မှမြင်ကွင်းအားကြည့်ကာဂုတ်ကလေးပုဝင်ကာဆိုသည် ။ ကံ့ကော်ပန်းသီနေကြသောပျိုမေလေးများသည်လည်း လုပ်လက်စကိုရပ်ကာ မကြာခင်ရန်ပွဲဖြစ်တော့မည့်နေရာအား အကဲခတ်နေကြသည်။

" အ့ ..! အစ် .. အစ်ကိုကျန့် "

နရင်းအအုပ်ခံလိုက်ရသောအရက်သမားလုပေ သည် ဒေါသထွက်ရမည့်အစား အုပ်လိုက်သည့်သူကိုပင်ပို၍ကြောက်ရွံ့စွာခပ်ရို့ရို့ ။

မောင့်မူပိုင်Where stories live. Discover now