butterfly ep21 🚨🚨🚨🚨🚨

1.9K 40 0
                                        

(unicode )

ပါတီပွဲကပြန်လာပြီးကားပေါ်မှာထဲက ရှင်းသန့်ကို ပေါင်ပေါ်ကမချဘဲပွေ့ချီထားရင်း...ရိုက်ခံရတဲ့ပါးကိုနမ်းလိုက်၊သူအနားမရှိခဲ့လို့ပါဆိုပြီးတောင်းပန်လိုက်နဲ့။
ဒီလူသားကို ရှင်းယုံကြည်ချစ်ပေးခဲ့တာ မှန်ပြီထင်ပါတယ်။အရင်ကမရဘူးတဲ့နွေးထွေးမှု မိသားစုအငွေ့သက်ကိုခံစားရအောင် အသက်သွင်းပေးသူ...အမှန်ဆို မောင့် မိဘတေအားတွေ့တော့ ရှင်းကြောက်မိတာအမှန်ပင်.... ဒါပင်မယ့်လဲ နွေးထွေးစွာသဘောတူ ဆက်ဆံတာကြောင့် ရှင်းရင်ထဲအမှန်ပင်နွေးထွေးခဲ့ရပါတယ်။

"မောင်...ရယ်မနာပါဘူးဆို"ရှင်းပါးအား ကိုင်လာတဲ့သူကြောင့် တွေးနေတာပင်ပျောက်ကာ..စကားပြောရ၏။

"တောင်းပန်တယ်နော်...တကယ်ဆိုမောင်ကအနားနေရမှာ "

"ကဲပါ..ဘိုးတော်ရယ် ခုကလဲရှင်းမှားတာပါ ဝင်တိုက်တာက ကိုယ်လေ သူမှမဟုတ်တာ"

"မမှားလဲ လွန်တာပေါ့..သူကဘယ်သူမို့ မောင့် ရှင်သန်ရာကို ရိုက်ရဲတာလဲ"

"အော် ဒီဘိုးတော်ကလဲ စိတ်လျော့တော်ပြီ ဆက်ပြောရင် နော်.."ဆိုကာပြောမှ ပါးလေးအားတစ်ချက်နမ်းကာ ငြိမ်သွားတဲ့လူကြီး...။

အိမ်ရှေ့ရောက်တော့လဲ လမ်းမလျှောက်ခိုင်းဘဲပွေ့ချီလာတဲ့သူကြောင့်.....

"ဘိုးတော်...ချပေးဆို..."

"ဘယ်လိုချပေးရမှာလဲ "ဆိုကာ လူယုတ်မာအပြုံးနဲ့ပြောလာသူကြောင့်

"သောက်ဘိုးတော်ရေ...ခင်ဗျားလဲ ​ချစ်သူဖြစ်တာမကြာသေး စောက်တလွဲတေပြောတယ်နော်..."

"အယ်...သူဘဲချပေးဆိုပြီး.."

"ဂါး...ငါလူးဘဲစောက်သည်းတေပေါက်လာပြီ"

"ဟယ်...ရှင်းဘာဖြစ်လာတာလဲ"ဆိုကာအနားရောက်လာတဲ့ နှစ်ယောက်...မိလှနဲ့ပုလဲက ပင်ပန်းလို့မလိုက်ဘူးဆိုကာ နေခဲ့တာပင်။ နောက်မှတူတူသွားလည်ကျမယ်ဟုပြောပြီး အပျင်းတစ်ကာ ပါတီကိုမလိုက်ဘဲ နှပ်နေတဲ့နှစ်ယောက်ခုမှ ပွေ့ချီခံလာရတဲ့ပုံကြောင့် တစ်ခုဖြစ်ပြီးထင်ပြီးပြေးလာမေးတာဖြစ်သည်။

Butterfly [completed] Where stories live. Discover now